ရှောင်းကျန့်ကို ထမ်းပြေးသွားသူက တောင်ပေါ်သို့ ရောက်သောအခါတွင်လည်း သစ်ပင် တပင်နှင့်တပင် ဝှီးကနဲ ဝှီးကနဲနေအောင် နွယ်ကြိုးနှင့် ခုန်ကူးနေသည်..။
ငါမူးနေပြီဟ.. လခွမ်းတဲ့မှ.. မင်းက တာဇံလား မျောက်လား..
သူ့လက်ထဲက လဲ့အာ ပစ်ပေးလိုက်သောအရာကိုကြည့်လိုက်တော့ နံ့သာခဲလို ခပ်မွှေးမွှေး အခဲလေးတခဲ..။ အဲ့တော့ငါက ဘာလုပ်ရမှာတုန်း..။ ဒီအမွှေးခဲနဲ့ ဒီကောင့်ခေါင်းကို ထုလို့လည်းမရ..။ စိတ်ပေါက်ပေါက်နှင့် လွှင့်ပစ်မလို့ ကြံလိုက်ပေမယ့် အကြောင်းမရှိပဲနဲ့တော့ ပေးမှာမဟုတ်ဘူးလို့ တွေးမိ၍ ရင်ဘတ်ထဲ ထည့်သိမ်းထားလိုက်သည်..။
ခဏကြာတော့ သူတို့ စခန်းတခုကို ရောက်လာသည်..။ သူ့ကို ထမ်းထားသည့်သူက ရွက်ဖျင်တဲတခုထဲ ဝင်သွားပြီး အောက်ကို ညင်သာစွာ ချပေးလိုက်သည်..။
"အလှလေး.. ဒါ ကိုယ်တို့ စခန်းပဲ"
"..."
"အလှလေးရဲ့ လူတွေ ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ဘူး"
"..."
"အလှလေး ကိုယ့်ကို စကားမပြောပဲနေလည်း ကိုယ်ကတော့ မလွှတ်ပေးဘူးနော်"
"ဝေါ့"
ရှောင်းကျန့်က ဝေါ့ကနဲ အန်လိုက်သည်..။ အန်ဖတ်တွေက ထိုလူ့မျက်နှာပေါ် တည့်တည့်..။
"အလှလေး.. မင်း.. မင်း..."
ဘာလဲ.. ဘာလဲ.. လူတိုင်းကို မင်းလို တာဇံမှတ်နေလား..။ ဟိုကူးသည်ကူး ဟိုခုန်သည်ခုန်နဲ့ ခေါင်းမူးတယ်ကွ..။
"အလှလေး.. မင်းမို့လို့ပေါ့ကွာ.. တခြားလူသာဆိုရင် ခေါင်းဖြတ်ပစ်လိုက်ပြီ.. ဒီနယ်တဝိုက်မှာ ကိုယ့်ကို မသိတဲ့သူမရှိဘူး.. ပန်းဘီလူး ချိုဆာ ဆိုရင် လူတိုင်းသိတယ်"
နာမည်ကြီးကလဲ တဏှာရူး နာမည်ကြီး..။ ပန်းဘီလူးဆိုကတည်းက ဟိုဒင်းဟိုဟာပဲ စိတ်ဝင်စားတဲ့ သူမှန်းသိသာတယ်..။ ပြီးတော့ ချိုဆာတဲ့ ဪ...။
"ငါ့ကို လွှတ်ပေး"
"လွှတ်ပေးစရာလား အလှလေးရယ်.. အစကတော့ တောင်ကြားလမ်းကို မိန်းမလှလေး တယောက် ဖြတ်မယ်ဆိုလို့ စောင့်နေတာ.. အလှလေးက မိန်းကလေး ရှုံးအောင်လှတော့ ကိုယ်မငြင်းနိုင်ဘူး ဖြစ်သွားတယ်"
![](https://img.wattpad.com/cover/354924805-288-k282328.jpg)
YOU ARE READING
အတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးကမကွေးဘူး
Fanfictionမင်းတို့ စဥ်းစားကြည့် BL ဖတ်တဲ့သူတိုင်း ကွေးလို့လား... မင်းတို့ကော ကွေးလို့လား.. ငါလည်း မကွေးဘူးကွ.. ဖြောင့်လိုက်တာမှ ဓါတ်တိုင်ကြီးအတိုင်းပဲ..