နောက်နေ့မနက်မှာ သူတို့ ခရီးဆက်မထွက်ဖြစ်..။
ထိုအစား ကိုယ်ရံတော်များကို မြို့တွင်းသို့ စုံစမ်းရန် လွှတ်လိုက်ပြီး သူတို့က မြို့စားမင်းအိမ် သွားကြသည်..။ မြို့စားမင်းက ခပ်ဖိုင့်ဖိုင့်နှင့် သဘောကောင်းမည့်ဟန်..။ အိမ်ရှေ့စံနာမည်ကြားတော့ အပြေးကလေး လာကြိုရှာသည်..။
"ကြွပါ အရှင့်သား.. ကျွန်တော်မျိုး ညံ့ဖျင်းလို့ အရှင့်သားတို့ ရောက်နေတာ မသိလိုက်ဘူး"
"အဲ့လိုတော့လဲ မဟုတ်ပါဘူး.. ကိုယ်တော်တို့က တမင် တိတ်တိတ်ဆိတ်ဆိတ်ပဲ လာချင်လို့ပါ"
မြို့စားက အံ့ဩသွားဟန်..။ နဂိုရှောင်းကျန့်သာဆို သူ့ကို ရှယ်ကြိတ်နေလောက်ပြီ..။
ဝမ်ရိပေါ်က ဝင်ပြောသည်..။ သူက နယ်စားဆိုတော့ မြို့စားထက် အာဏာလဲ ပိုကြီးသည်လေ..။
"ဒီမှာ ခုတလော ထူးဆန်းတာတွေ ဖြစ်နေတယ်နော်...ဒီအကြောင်းတွေ နန်းမြို့တော်ကိုလည်း သတင်းမရောက်ပါလား"
"ကျွန်တော်မျိုး တမင်ထိမ်ချန်ထားတာမဟုတ်ပါဘူး.. ကိစ္စက သက်သေကလည်း မခိုင်လုံ.. ပြီးတော့ အရေးကြီးတယ်လို့လည်း မထင်မိတာနဲ့ နန်းမြို့တော်ကို ဒုက္ခမပေးတော့တာပါ.."
ဒါလည်း ဟုတ်တော့ ဟုတ်သည်..။ လူပုံအလယ်မှာ သရဲခြောက်ခံရပါသည်ဟုပြောလျှင် အများစုက ရူးနေတာလား မူးနေတာလားဟူသော အကြည့်နှင့် အရင်ကြည့်ကြသည်သာ..။
"မြို့စားမင်းကော ကြုံဖူးပါသလား"
"ကျွန်တော်.. ဟို..."
"မကြောက်နဲ့.. ရဲရဲသာပြောပါ"
မြို့စားမင်းက နှုတ်ခမ်းကိုက်၍ စဉ်းစားနေပြီးမှ ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့်
"ကျွန်တော်မျိုး ဟိုတလောက စာရင်းတွေ လုပ်ရင်း နောက်ကျနေတဲ့အထိ နေဖြစ်သွားတယ်.. သန်းခေါင်လောက်မှာ ခေါင်းလောင်းသံ လွင့်လာပြီးတော့ဆွေးဆွေးမြည့်မြည့် ငိုသံကြားရတယ်.. အသံက မိန်းကလေးအသံတော့ မိန်းကလေးအသံပဲ.. ဒီရက်ပိုင်းက ဘယ်သူမှ ဒီအချိန်ကြီး အပြင် မထွက်ရဲကြဘူး.. ကျွန်တော်မျိုးရဲ့ ဝန်ထမ်းတွေကလည်း ဒီနားမှာ နေတာမဟုတ်ဘူး.. ဒီကိစ္စကို ထူးဆန်းတယ်လို့ ခေါ်ရင်လည်း ခေါ်လို့ရမယ် ထင်တယ်"
![](https://img.wattpad.com/cover/354924805-288-k282328.jpg)
YOU ARE READING
အတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးကမကွေးဘူး
Fanfictionမင်းတို့ စဥ်းစားကြည့် BL ဖတ်တဲ့သူတိုင်း ကွေးလို့လား... မင်းတို့ကော ကွေးလို့လား.. ငါလည်း မကွေးဘူးကွ.. ဖြောင့်လိုက်တာမှ ဓါတ်တိုင်ကြီးအတိုင်းပဲ..