Part - 18

3.5K 241 62
                                    

ဂူက ခပ်မှောင်မှောင်ဖြစ်သော်လည်း အေးစိမ့်မနေ..။ နွေးထွေးပြီး သက်တောင့်သက်သာရှိသည်..။ အောက်က ကျောက်သားတွေ ခင်းထားသည်..။ နဂါးကြီးနောက်တခါ တွန်းတော့ အရှိန်လွန်ပြီး ရှောင်းကျန့်ကော ဝမ်ရိပေါ်ပါ လဲကျသွားသည်..။ ရှောင်းကျန့်က အောက်က ဝမ်ရိပေါ်က  အပေါ်က..။

"ဂူး.. ဂရား.." ( မှားနေပြီ.. မင်းသားလေးက အပေါ် မင်းသမီးလေးက အောက်လေ)

ဂါးဂါးသည် အချဉ်မဟုတ်..။ ဖေဖေဂါးက အမြဲ အပေါ်မှာနေတာ ဂါးဂါးတွေ့ဖူးပြီးသား..။

နဂါးကြီး၏ အမြီးက ဝဲလာပြီး အပေါ်က ဝမ်ရိပေါ်ကို တွန်းချလိုက်သည်..။ ရိပေါ် ဘေးသို့ လွင့်သွားသည်..။

"ရိပေါ်!!"

ရှောင်းကျန့် ရိပေါ်ကို ပြေးပွေ့သည်..။

"ဂါး..ဂဲ" ( မင်းသားလေးက မင်းသမီးလေးကို ပြေးပွေ့နေပြီ ဟိဟိ)

နဂါးကြီးက အမြီး တယမ်းယမ်း..။ သို့သော် ရှောင်းကျန့်တို့နား ကပ်မလာပဲ အဝေးကနေ စိတ်ဝင်တစား စောင့်ကြည့်နေသည်..။

ဟုတ်တယ်.. ကြားတဲ့အတိုင်းပဲ..။ သူ့မျက်လုံးတွေက တကယ်ကြီး တောက်ပနေတာ..။ အစတုန်းက နဂါးမို့ နီရဲတောက်ပနေတယ် ထင်တာ.. အခုတော့ မဟုတ်ဘူး.. ။ တခုခုကို စိတ်ဝင်စားရင် မျက်လုံးလေးတွေ ကြည်တောက်လာတတ်ကြတယ်မလား..။ အဲ့လိုမျိုး တောက်နေတာ..။

ဒီနဂါးက ငါတို့ကို ဘာတွေများ စိတ်ဝင်စားနေပါလိမ့်..။ ဟိုလိုကြီး အန္တရာယ်ပြုတာလည်း မဟုတ်ဘူး..။ သူ့ဘဝမှာ လူသားမမြင်ဖူးလို့များ ငါတို့ကို ထူးထူးခြားခြား စိတ်ဝင်စားနေတာလား..။

"နိဟောင်"

ဟော.. အမြီးယမ်းလာပြန်ပြီ..။ နဂါးတော့မသိဘူး..။ ခွေးတွေကတော့ သဘောကျရင် အမြီးယမ်းတာပဲ..။

ရှောင်းကျန့်က အစမ်းသဘောနှင့် ရိပေါ်ကို ခေတ္တချပြီး ရှေ့သို့ ခြေတလှမ်းတိုးကြည့်သည်..။ သူ ရိပေါ်ကို လွှတ်လိုက်သည်နှင့် နဂါးကြီးက အစွယ်ဖြဲပြီး သောင်းကျန်းတော့သည်..။

"ဝူး.. ဂူး.." (ဟင့်အင်း.. မင်းသမီးလေးကို ပွေ့ထားရမှာလေ)

ရှောင်းကျန့် ကြောက်ကြောက်နှင့် အလျင်စလို နောက်တလှမ်း ပြန်ဆုတ်တော့ ရိပေါ်နှင့် တိုက်မိပြီး ဖင်ထိုင်လျက်ကျသွားသည်..။ ရိပေါ်က သူ့ကို ဆီးဖမ်းထားသည်..။ အဲ့တော့မှ နဂါးကြီးက ငြိမ်သွားသည်..။

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now