Part - 15

4.4K 292 49
                                    

ရှဲ့မြို့က ထွက်ခွာလာမည် ပြင်တော့ ရှောင်းကျန့်က ကုပ်ကုပ်ကလေး..။ ဝမ်ရိပေါ်နောက်မှာ ပုန်းနေသည်..။ ရှက်ဖို့ ကောင်းလိုက်တာ..။ ငါ့မျက်နှာကို ဓားနဲ့သာ လှီးပစ်ချင်တယ်..။ ဘယ်မှာလဲ ငါ့သိက္ခာတွေ..။ အဲ့ဒါ ဒင်းကြောင့်ပဲ ဝမ်ရိပေါ်..။ သူတေ‌ွးရင်း စိတ်တိုတိုနှင့် ဝမ်ရိပေါ်ကျောပြင်ကြီးကို အားနှင့် လိမ်ဆွဲပစ်လိုက်သည်..။

ဝမ်ရိပေါ်က ကျောတချက် တွန့်သွားသော်လည်း အမူအယာမပျက်..။ သူ ဒီနေ့ အရမ်း စိတ်ကြည်နေသည်..။ တအားကို လောကကြီးကို အကောင်းမြင်နေသည်..။ မနေ့က ကျန့်ကောကို ချီပြီး သန့်ရှင်းရေး လုပ်ပေးပြီးတော့ သူ့နားမှာ သိပ်ပြီး အိပ်ခဲ့ရသည်..။ အင်.. ဒီလိုဆိုတော့လည်း ငါက ကလေးအိပ်ပျော်အောင် သိပ်တဲ့ အဖေကြီးကျလို့..။ ထားလိုက်ပါ.. ဆိုလိုရင်းက ကျန့်ကောကို ငါဖက်ပြီး အိပ်ခဲ့ရတယ် ဆိုတာပဲ..။ မင်းတို့သိလား.. ကျန့်ကော ကိုယ်လုံးလေးက နွေးနွေးလေးနဲ့ မွှေးမွှေးလေး..။ မင်းတို့ကတော့ ဆောင်းတွင်းမှာ ချမ်းရင် ပေါင်ကြား လက်ညှပ်ပြီး အိပ်ကြပေါ့..။ ကျန့်ကော ကိုယ်လုံးလေးကလည်း ဖက်လို့ကောင်းသလား မမေးနဲ့..။ အိအိစက်စက်လေး..။ ပိန်တယ်လို့ ထင်ရပေမယ့် ငါ့ရင်ခွင်နဲ့ ကွက်တိပဲ..။ ပြောလည်း မင်းတို့ နားလည်မှာ မဟုတ်ပါဘူး..။ ဒီတသက် ဖက်ရမှာမှ မဟုတ်တာ..။

ပြီးတော့ ကျန့်ကော အိပ်နေရင် ပါးစပ်လေးက ဟပြီး ယုန်သွားလေး နှစ်ချောင်းက ပေါ်နေရော..။ ငါလဲ အူယားလို့ သူ့ပါးစပ်ထဲ လက်ညှိုးလေး သွားထည့်ကြည့်တာ..။ အမယ်.. မကိုက်ဘူးဗျ..။ ငါ့ကျန့်ကောက ပါးစပ်ထဲ လက်ထည့်ပေးရင်တောင် မကိုက်တဲ့အထိ ရိုးသားတာ..။ အဲ.. စုပ်တော့ စုပ်တယ်..။ သူ့လျှာ ပျော့အိလေးက ငါ့ဘက်ညှိုးကို တပြွတ်ပြွတ် မြည်အောင် စုပ်နေတာ မင်းတို့ မြင်ယောင်ကြည့်..။ မနက်လေးနာရီကြီး ငါ့မှိုလေးတောင် နိုးသွားတယ်..။ နိုးပြီး တော်တော်နဲ့ ပြန်မအိပ်လို့ ငါ့မှာ ကျန့်ကော ပေါင်မုန့်နှစ်လုံးကြား ညှပ်ပြီး ချော့သိပ်လိုက်ရတယ်..။ ပေါင်မုန့်အသားညှပ်မဟုတ်တဲ့ ပေါင်မုန့်မှိုညှပ်ပေါ့ကွာ.. ဟဲဟဲ..။

ဘာပဲပြောပြော ငါ့အဓိက ဆိုလိုရင်းကတော့ ဒီနေ့မနက် စိတ်ကြည်နေတယ်ဆိုတာပဲ..။

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now