Part - 13

3.9K 273 53
                                    

"ရိပေါ်.. ရိပေါ်.. ခုသွားမယ့်မြို့ကကော ဘာပြဿနာတွေ ရှိသေးလဲဟင်"

"အင်း... ကြီးကြီးမားမားတော့ မရှိပါဘူး.. မကြားမိဘူး"

တော်သေးတာပေါ့ ဒေါ်အေးသာကျော့ရယ်...တမြို့တလေလေးတော့ ငါအနားရလို့..။

"ဒါဆို ငါတို့ ကိုယ့်ဟာကိုယ် မဖုံးကွယ်ပဲ ဒီတိုင်းဝင်ကြမှာလား"

"ကျန့်ကောက ဘယ်လိုလုပ်ချင်လို့လဲ"

ငါမသိလို့ ‌မင်းကို မေးနေတာပေါ့ကွ..။ တဖက်မှာလည်း pros တွေရှိသလို တဖက်မှာလည်း consတွေရှိတယ်..။ prosက ငါတို့ကို ဘယ်သူမှအန္တရာယ်ပေးရဲမှာ မဟုတ်တော့ဘူး..။ consကကျ လွတ်လွတ်လပ်လပ် လျှောက်သွားလို့ မရတော့သလို လုပ်ကြံချင်တဲ့သူတွေ ပိုမျက်စိကျလာနိုင်တယ်..။

"ဟင်လို့..  ကျန့်ကော"

"ဟဲ့ ပလုတ်တုတ်.. Pros and cons.. "

"ဘာတုန်း ဖရော်ဆန်ကွန်း.. နတ်ကွန်းလား"

ဖရော်ဆန်ကတော့ ကဗျာဆရာမပဲ ငါးကောင်ရေ.. မင်းလို အန်းတိတ်ကတော့ ဒါမျိုးတွေလဲ သိမှာ မဟုတ်ပါဘူး.. ဟိဟိ...။

"ကျန့်ကော ဘာတွေ ပြုံးစိစိ လုပ်နေတာတုန်းဗျာ"

"You are an idiot"

"ဘာလျက်ရမယ်?"

ရှောင်းကျန့်က မအောင့်နိုင်ပဲ ရယ်တော့သည်..။

"ဟားဟားဟားဟား"

ဝမ်ရိပေါ်က သူရယ်ပြီးသည့်အထိ စိတ်ရှည်လက်ရှည်စောင့်သည်..။

"‌ရယ်တယ်ပေါ့.. ရတယ်လေ.. ဘာလျက်ရမှန်းမသိရင်တော့ ကျန့်ကောကိုပဲ လျက်ရမှာပဲ.. လာထား"

"အား...ဝမ်ရိပေါ်.. မလုပ်နဲ့.. မင်းလျှာကြီးက ယားတယ်ကွ.. အား.. ယားတယ်လို့.. ဟိဟိ.. အား.. ဟားဟား.."

မြင်းလှည်းလေးက လှုပ်တုတ်လှုပ်တုတ်..။

တပ်သား (၁) : နယ်စားတို့ ဘယ်လောက်မှ မကြာသေးဘူးလေဗျာ.. နောက်တချီလား..

တပ်သား (၂) :  လျှာတွေပါ သုံးကုန်ပြီ.. လုပ်ကြဦး

***

ရှဲ့မြို့ ရှီအိမ်တော်..။

ရှဲ့မြို့ နာမည်ကြီးရခြင်း အကြောင်းမှာ ဒေသထွက်ကုန်တွေကြောင့်မဟုတ်..။ မြို့က သာယာလှပသောကြောင့်လည်း မဟုတ်..။ ကူးသန်းရောင်းဝယ်ရေး ကောင်းမွန်သောကြောင့်လည်း မဟုတ်..။

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now