ခွပ်.. ခွပ်...ခွပ်...
လမ်းမတလျှောက်မှာ မြင်းခွာသံက တခွပ်ခွပ် တဖြောင်းဖြောင်း..။ လှည်းနှစ်စီးက တလှုပ်လှုပ်..။ လှည်းတစီးထဲတွင်တော့ လူနှစ်ယောက်က တိုးတိုးကြိတ်ကြိတ်..။
"ဟိုဘက်တိုး"
"မတိုးဘူးကွာ.. နေရာမရှိတော့ပါဘူးဆို"
"မင်းက ဘာလို့ မြင်းမစီးတာတုန်း"
"ဪ.. ဖြေနေတာ ဘယ်နှခေါက်ရှိနေပြီလဲ.. မြင်းမလောက်တော့လို့ပါဆို"
"ဟွန့်"
မြင်းမလောက်ရင် ဝယ်ပေါ့ကွ..။ ငါ ကျပ်တယ်..။ လွတ်လွတ်လပ်လပ် ထိုင်လို့မရဘူး..။ ဒါမှမဟုတ် မင်း လဲ့အာဆီ သွားထိုင်ပါ့လား..။
"လာ.. မဆိုးနဲ့.. အဲ့လို တောင့်တောင့်ကြီး မထိုင်နဲ့.. ကိုယ့်ကိုမှီထား"
ငါ မှီချင်လို့ မဟုတ်ဘူးနော်..။ မင်း ဇွတ်မှီခိုင်းလို့..။ ပြီးတော့ ငါလည်း ကျောနည်းနည်းတောင့်နေလို့..။
ဝမ်ရိပေါ်က သူ့ရင်ခွင်ထဲ ကျောမှီလာသော ကိုယ်လုံးလေးကို ထွေးပွေ့လိုက်သည်..။ အိအိလေး..။
"ပြောပါဦး.. ခု ငါတို့ သွားမှာ ဘယ်မြို့လဲဆိုတာ"
"ခု သွားမှာ လန်ပေါမြို့တဲ့.. မြို့က ကျောက်မျက်ရတနာတွေ ထွက်တယ်.. မြို့စားက နည်းနည်း အကျင့်မကောင်းဘူး.. အထက်ဖားအောက်ဖိ ပုံစံမျိုး.. လာဘ်လည်းစားတယ်ထင်တယ်.. အာ့ကြောင့် ကိုယ်တို့ ဒီတခါ ပုံစံအမှန်ကို ဖုံးကွယ်သွားကြမှာ"
"ငါ့ကို အကုန်ပြောနော်.. အရင်တခါလို မင်းနဲ့ လဲ့အာနဲ့ပဲ ကြိတ် ကြံစည်မနေနဲ့.. ငါ့ကျ ဘုမသိ ဘမသိ"
ရင်ခွင်ထဲက ယုန်လုံးလေးက နှုတ်သီးချွန်၍ ပြောသည်..။ တောက်.. လူကို လာစမ်းနေတယ်.. ဆွဲကိုက်ပစ်လိုက်ရ..။
"အင်းပါ.. ခု ကိုယ်တို့က ကုန်သည်ယောင်ဆောင်ပြီး သွားကြမှာ.. နယ်စားမှန်းလည်း မသိစေရဘူး.. အိမ်ရှေ့စံမှန်းလည်း မသိစေရဘူး"
"ပြီးတော့ကော"
"ပြီးတော့ သူ့ကို လက်ဆောင်ပေးမယ်ဆိုပြီး သူ့အိမ်မှာ တည်းကြမယ်လေ.. သူက သေချာပေါက် လက်ခံမှာပဲ"
![](https://img.wattpad.com/cover/354924805-288-k282328.jpg)
YOU ARE READING
အတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးကမကွေးဘူး
Fanfictionမင်းတို့ စဥ်းစားကြည့် BL ဖတ်တဲ့သူတိုင်း ကွေးလို့လား... မင်းတို့ကော ကွေးလို့လား.. ငါလည်း မကွေးဘူးကွ.. ဖြောင့်လိုက်တာမှ ဓါတ်တိုင်ကြီးအတိုင်းပဲ..