Part 1

5.1K 324 38
                                    

"အား... ကျွတ် ကျွတ်"

"အရှင့်သား သတိရလာပြီ အရှင့်သား!!"

"မြန်မြန်.. မင်းကြီးကို သွား​လျှောက်တင်စမ်း မြန်မြန်!!"

"သမား​တော်!! သမားတော်!!"

ဆူညံ​နေ​သော အသံများ​ကြောင့် ​ရှောင်းကျန့် ​ခေါင်းပိုကိုက်လာသည်..။ ဆူလိုက်တာ ဟူ​သော အ​တွေးက သူ့အတွက် ပထမဆုံး အ​တွေး..။ ဒုတိယအ​တွေးက ငါမ​သေ​သေးဘူးပဲဟူ​သော အ​တွေး...။

​ရှောင်းကျန့် မျက်လုံးဖွင့်ကြည့်လိုက်သည်..။

ပထမဆုံး မျက်လုံးထဲ ၀င်လာ​သော အရာမှာ ​ရွှေ​ရောင်​ပြောင်လက်​နေ​သော အမိုး..။ ​ပေကျင်းက ဘယ်ဆေးရုံက ရူး​နေလို့ လူနာခန်းကို ​ပြောင်​ပြောင်လက်လက် ​ရွှေ​ရောင်​တွေ သုတ်ထားတာလဲ..။

သူက ကုတင်​ဘေးကို ငဲ့ကြည့်လိုက်သည်..။ သူ့အ​ဒေါ်နှင့် Duty Coat အဖြူ​ရောင် ၀တ်ထား​သော ဆရာ၀န်ကို ​တွေ့ရလိမ့်မည် အထင်နှင့်..။

သူ့ကုတင်​ဘေးမှာက ဟန်ဖု ၀တ်စုံနှင့်လူများ..။ သူ​ရောက်​နေတာ ​ဆေးရုံမဟုတ်.. နန်း​တော်လို စုလစ်မွန်းချွန်​တွေနှင့် ​ပြောင်လက်​နေ​သော အ​ဆောင်ကြီး..။

​ရှောင်းကျန့်​ ​ခေါင်းထဲ မိုက်ကနဲ..။

​သေပြီ... ။ ငါ​တော့ ပြန်လည်​မွေးဖွားလာတာလား.. ဝတ္ထုထဲ ၀င်သွားတာလား..။

ဟုတ်သည်..။ ​ရှောင်​ရှောင်းကျန့်က ​ခေသူမဟုတ်..။ သတိလစ်သွားပြီး နိုးလာ​တော့ ​ဘေးမှာ လူထူးဆန်း​တွေ ​ရောက်​နေသည်ဆိုကတည်းက ချက်ဆို ဗိုက်မှာ​ပြေးကပ်လိုက်ပြီ..။

"အရှင့်သား.. ​နေသာပါရဲ့လား အရှင့်သား"

"အဟမ်း.. ကိုယ်​တော် ဘယ်​ရောက်​နေတာတုန်း"

အရှင့်သားဆို​တော့ ဘုရင့်သားများလား..။ မဟုတ်မှ HOB ထဲက ရှဲ့လျန်​နေရာများ ​ရောက်​နေတာလား..။ ဒါဆိုရင်​တော့ ပွပြီ..။ ဟွားချန်ကို အရှင်လတ်လတ်ကြီး ​တွေ့ရ​တော့မည်..။ ခု​ရောက်​နေတာ ဘယ် Timeline ပါလိမ့်..။ နှစ်ရှစ်ရာ ​စောင့်ရဦးမယ်ဆိုရင်​တော့ မဖြစ်​ချေဘူး..။ ​

ဒါနဲ့နေပါဦး.. ရှန်ချင်းချိုးတို့လို system ဘာညာ အသံလဲ မကြားရဘူး..။ ကြည့်ရတာ ၀တ္ထုထဲ ​ပြောင်းလာတာ မဟုတ်ပဲ ရှန်ချန်းလင်တို့လို ရိုးရိုး time travel လာတာများလား...။ ဒါလဲ မဆိုးပါဘူး.. Point ​တွေဘာ​တွေ မနှုတ်ခံရ​တော့ ကိုယ်လုပ်ချင်တာ လုပ်လို့ရတာ​ပေါ့...။

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now