Part - 8

4K 276 43
                                    

"ကျန့်ကော.. မချွတ်နဲ့ဆိုနေဗျာ.."

"ချွတ်မှာပါ ဆိုနေမှ.. ချွတ်မှာလို့.."

"မဆိုးနဲ့ဗျာ.. ပြန်မဝတ်ရင် အပြင်ထွက်မရပဲ ဖြစ်သွားမယ်နော်"

"မထွက်ရလည်း နေပေါ့.. မဝတ်နိုင်ဘူး"

"ကျန့်ကော ပြောတာနော်.. ဒါဆိုလည်း စိတ်ကြိုက်သာ ချွတ်"

"ချွတ်မှာ.. ချွတ်ဦးမှာ"

မင်းတို့ မဟုတ်တာတွေ တွေးမနေကြနဲ့ဦး..။ ငါရှင်းပြမယ်..။ အဖြစ်က ဒီလို..။

***

နောက်တမြို့က ဖျောင်းဟွာမြို့..။

ဖျောင်းဟွာမြို့က လမ်းမကြီးပေါ်မှာ ရှိ၍ လူစည်သည်..။ စီးပွားရေးလည်း ကောင်းသည်..။ မြို့၏ အဓိက အလုပ်အကိုင်က ပိုးထည်ချည်ထည် လုပ်ငန်း..။ ပိုးမွေးသော လုပ်ငန်းများ အများအပြားရှိသည်.။ ပြီးတော့ ယက္ကန်းရုံတွေ..။

ယက္ကန်းရုံတွေက ပိုးချည်မျှင် ဝါချည်မျှင် များကို အထည်ဖြစ်အောင် ရက်လုပ်ကြသည်..။ မြို့ပေါ်မှာ ယက္ကန်းရုံတွေ ပိုပေါသည်..။ ပိုးမွေးမြူရေး ခြံဝင်းများကတော့ မြို့နားနီးစပ်တို့ မြို့စွန်တို့မှာ..။

ယက္ကန်းခတ်သည့်သူက ငယ်ငယ်ရွယ်ရွယ်ကောင်မလေးတွေများသည်..။ မြို့ပေါ်မှ လာသူများရှိသကဲ့သို့ ရွာများမှ စရိတ်ငြိမ်း လာသူတွေလည်း ရှိသည်..။ အမျိုးသမီး‌ လူဦးရေ များသောမြို့ ဖြစ်သဖြင့် အမျိုးသမီးနှင့် သက်ဆိုင်သော အလှကုန်ဆိုင်များလည်း ပေါများသည်..။

"လာနော်.. လာနော်.. ပုလဲပုတီးလေးတွေ.. အနောက်ပင်လယ်ထဲက ပုလဲစစ်စစ်တွေနဲ့ လုပ်ထားတာ"

"ဟောဒီမှာ ပျိုတိုင်းကြိုက်တဲ့ နံ့သာဆီမွှေး.. ခွန်းလွန်တောင်ပေါ်က တိုးနယားကောင်ဆီက ခက်ခက်ခဲခဲ ထုတ်ထားရတာ"

"တခါလိမ်းလိုက်ရင် ပျိုပျိုအိုအို ကြီးငယ်မရွေး လည်ပြန်လှည့်ငေးရမယ့် မျက်နှာချေမှုန့်တွေ.. နာမည်ကိုက ဟပ်ထိုးလဲတဲ့.."

"ဟင်.. နာမည်ကြီးကလည်း"

"ဟုတ်တယ်လေ.. ‌လည်ပြန်လှည့်ငေးမှတော့ ဟပ်ထိုးလဲပြီပေါ့ဗျာ"

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now