Part- 5

4.2K 261 23
                                    

ကျန်းကွေမြို့...

ကျန်းကွေမြို့က အရမ်းမဖွံ့ဖြိုးလှသေး..။ အဓိက လမ်းမကြီးက မြို့နှင့် ခပ်လှမ်းလှမ်းမှ ဖြတ်သွားသဖြင့် မြို့က စီးပွားရေးမကောင်းပဲ နယ်မြို့လေးသာသာပင်...။

ခရီးသွားများ စားသောက်ရန်အတွက်ကော နားခိုရန်အတွက်ပါ လမ်းတဖက်တချက်မှာ ဆိုင်ခန်းတွေရှိပြီးသား.. ဒီနေရာလေးက မြို့ထဲထက်တောင် စည်နေသယောင်..။

ရှောင်းကျန့်တို့ကတော့ ဒီမှာမနားပဲ မြို့ထဲမှာပဲနားဖို့ ဆုံးဖြတ် လိုက်သည်..။ ရထားလုံးတလုံးလောက် ဝယ်ချင်လို့..။

သူနိုးလာတော့ သူက ဝမ်ရိပေါ် ရင်ခွင်ကို မှီပြီး အသားကုန် အိပ်နေသည်..။ တော်သေး.. သွားရည်တွေဘာတွေမကျလို့..။ ရှက်ဖို့ ကောင်းလိုက်တာ..။ နောက်က လိုက်စီးမယ်ဆိုတော့လည်း ဝမ်ရိပေါ် ဆံပင်တွေက တလွင့်လွင့်နှင့် သူ့နားတွေ မျက်စိတွေထဲ ဝင်ကုန်သည်..။ ဪ.. TV ဇာတ်လမ်းတွဲတွေထဲမှာကျ ​မင်းသားနဲ့မင်းသမီး ​ မြင်းအတူစီးတယ်ဆိုတာ ကြည့်လို့ကောင်းလိုက်တာ..။

ဟ.. အဲ့လိုပြောတော့ ငါပဲ မင်းသမီးဖြစ်သွားသလိုလို...။

ဘာပဲပြောပြော အဓိကအချက်က ရှောင်းကျန့်တို့ ရထားလုံးပြောင်းစီးဖို့ ဆုံးဖြတ်လိုက်တာပဲ..။

သူတို့မြို့လေးထဲ ဝင်လာတော့ နေတော်တော် စောင်းနေပြီ..။ လမ်းမပေါ်မှာ လူအသွားအလာ ကျဲပါးလွန်းသည်..။ အမှန်ဆို ဒီအချိန်မှ လယ်ယာသိမ်းရင်း အိမ်ပြန်ရမည့်အချိန်..။

စားသောက်ဆိုင်နှင့် တည်းခိုလို့ရမည့်နေရာကို သူတို့ လိုက်ရှာကြသည်..။ များများစားစားတော့ မရှာလိုက်ရ..။ မြို့လေးက ခပ်ကျဥ်းကျဥ်း..။ အဓိက လမ်းမကြီးပေါ်မှာပဲ ဆိုင်ခန်းတွေကရှိသည်..။ သို့ရာတွင် ဆိုင်တွေက အကုန် ပိတ်ထားသည်..။

မတတ်နိုင်..။ ခပ်ကြီးကြီးဆိုင်တခုကို ရှာပြီး တံခါးခေါက်ရတော့သည်..။

"ဆိုင်ရှင်တို့"

"ဒုန်းဒုန်းဒုန်း"

"ကျွန်တော်သို့ ခရီးသွားတွေပါ.. တညလောက်တည်းချင်လို့"

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now