Part (8)

747 30 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (8)
------------------------- unicode/ zawgyi

"ဟာ ..."

"ဝိုး !!!!"

ရှေ့နောက်ဆင့်ပြီး ထွက်လာရတဲ့ အာမေဋိတ်သံနှစ်ခုလုံးက လဆန်းညိုတစ်ယောက်တည်း ဆီကသာဖြစ်နေသည်

ပထမတစ်သံက ကိုယ်တိုင်ရဲ့နမော်နမဲ့နိုင်မှုကြောင့် ဖြစ်ပြီး

နောက်တစ်ကြိမ်ကတော့ ကိုယ့်ဘက်ပြန်လှည့်လိုက်တဲ့ ရိုးရာကတိရဲ့ မိမွေးတိုင်းဖမွေးတိုင်း ပုံစံကြောင့်သာ

"လက်ခံတယ်ဆိုရင်လည်း ကောင်းကောင်းပြောမှပေါ့ အင်္ကျီပါဆွဲချွတ်ရလား...
ဒီလောက်ဆန္ဒစောမယ်လို့ ထင်မထားဘူး.. "

လဆန်းညို မျက်နှာတွေထူပူကာ အကြည့်လွှဲလိုက်မိသည်က ရိုးရာကတိပြောလိုက်သော စကားကြောင့်လား မြင်နေရတဲ့မြင်ကွင်းကြောင့်လားဆိုတာ မဝေခွဲတတ်တော့

ခနလေးအတွင်းမှာ ကိုယ့်ကိုအထန်ကောင်လို့ဓိပ္ပါယ်သက်ရောက်စေသော မထင်ထားဘူးဆိုတဲ့စကားကို မမမြတ်ဆီကရော ရိုးရာကတိဆီကပါ ကြားခဲ့ရပေမယ့်

အခုမှ ဘာလို့ စိတ်မလုံသလိုခံစားနေရပါလိမ့်

"မဟုတ်ဘူး "

ကိုယ့်အပေါ် အထင်မြင်လွှဲမှားနေတဲ့ ရိုးရာကတိကို ဘယ်လိုရှင်းပြရမှန်းမသိတာကြောင့်လဆန်းညို ငြင်းဆိုနေမိသော်လည်း

နားလည်ပုံမပေါ်သော ရိုးရာကတိကတော့ ထိုင်နေတဲ့ လဆန်းညို ပေါင်ပေါ်ခွလျက်သားရှိနေခဲ့ပြီ

"ဘာကို မဟုတ်တာလဲ... ဟင်... "

နား အနားကပ်ကာ မေးလိုက်သော ရိုးရာကတိရဲ့မြူစွယ်ရိပ်စွန်းတဲ့လေသံက လဆန်းညိုရဲ့ သွေးတွေကို ဆူပွက်စေသလိုပင်

မမမြတ်ရဲ့အသံကို အော်ဂလီဆန်ခဲ့သလောက် ရိုးရာကတိရဲ့လေသံလေးနဲ့တင် ယိုင်ယိမ်းချင်လာတဲ့ကိုယ့်ကိုယ်ကိုယ်လည်း လဆန်းညို မကျေနပ်ချင်တော့

ဆေးက အခုမှအစွမ်းပြပြီ ထင်ပါရဲ့....

"မင်း... အဆင်ပြေရဲ့လား "

ဆေးတစ်လုံးတည်း သောက်ထားတဲ့ကိုယ်တောင် သွေးဆူချင်နေပြီဆိုလျှင်
ဆေးအလုံးပေါင်းများစွာ သောက်ထားတဲ့ ရိုးရာကတိက အခြေနေပိုဆိုးနိုင်တာကြောင့် လဆန်းညို စိုးရိမ်စွာ မေးလိုက်မိခြင်းပင်

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now