ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (5)
--------------------- unicode/ zawgyi"တင်း တောင် !!!!"
ခြံတခါးဝက ဘဲလ်သံကြောင့် လပြည့် ခြံဝကိုမျှော်ကြည့်လိုက်တော့ သံပန်းတခါးရှေ့မှာ မယောင်မလည် ရပ်နေသူက ရိုးရာသတ္တိ
"ဒီကောင် ဘာလာလုပ်ပြန်တာလဲ "
လပြည့် စိတ်လိုက်မာန်ပါနဲ့ အိမ်ရှေ့ထွက်သွားမိကာ
"ဘာကိစ္စလဲ "
"ဟို ...
ငါ ဝင်လို့ရလား "ဘုဆတ်ဆတ် မေးလိုက်တဲ့ကိုယ့်စကားကို ရိုးရာသတ္တိက အဆီငေါ်မတည့်စွာ မေးခွန်းပြန်ထုတ်နေတာကြောင့် လပြည့် ခြံတခါးဖွင့်ပေးလိုက်ပြီး
"ဝင်ခဲ့ "
မှုန်ကုတ်ကုတ်မျက်နှာထားနဲ့ မကြည်ဖြူသလိုလေသံဖြစ်နေတဲ့ အိမ်ရှင်ကို ဂရုမထားနိုင်ဘဲ ခြံထဲသို့ သတ္တိ ဝမ်းသာအားရ ဝင်လာခဲ့တော့
"ကဲပြော.... ဘာလာလုပ်တာလဲ... "
"ဟို... အိမ်ထဲ "
လာရင်းကိစ္စပြောဖို့အရေး အိမ်ထဲဝင်ချင်သေးတဲ့ သတ္တိကို ခြံတခါးနဲ့ ခြေဆယ်လှမ်းလောက်သာ ဝေးထဲအိမ်ထဲသို့ လပြည့် ဦးဆောင်ခေါ်လာရပြန်သည်
"အခန်းထဲ ဝင်ဦးမလား "
"ဟမ်... "
အိမ်ထဲရောက်သည်နှင့် စိတ်မရှည်စွာ မေးလိုက်တဲ့ လပြည့်စကားကို သတ္တိ ကြောင်သွားရပြီးမှ
"ဟို...
အဲ့လောက်ထိ မလို........ ""မလိုတာ ငါသိတယ်...
မသိတာက မင်း ...
အခုရော
မင်းလာရတဲ့ အကြောင်းအရင်းကို ပြောလို့ရပြီလား""ဟီး ... ရပါပြီ "
မျက်နှာချောချောလေးနဲ့မှ မလိုက်မဖက် စိတ်တိုလွယ်သော လပြည့်ကို သတ္တိ မျက်နှာချိုသွေး လိုက်မိရင်း
"မင်းအတွက် စာကူးပေးထားတာတွေ လာပို့တာပါ ... ကျောင်းပိတ်ရက်မှာ စာကျက်လို့ရအောင်လေ.. "
"မင်းကို ဘယ်သူခိုင်းလို့လဲ .."
"မခိုင်းပါဘူး...
မင်း ကျောင်းပျက်တာက ငါ့ကြောင့်ဆိုတော့.. ငါ့ဘက်က ဒီလောက်တော့ လုပ်ပေးသင့်တယ်လေ "

YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
عاطفية***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...