ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (23)
------------------------- unicode/ zawgyi"ဖေဖေ ...
ဒီကို ဘယ်လို ...""မင်းလာခဲ့ "
ညိုက လှဲနေရာက ထသွားပြီဆိုပေမယ့် ရိုးရာကတိကတော့ ထိုင်လျှက်သားရှိနေတုန်း...
အနားရောက်လာကာ ကိုယ်လက်ကို ဆောင့်ဆွဲခေါ်တဲ့ ဖေဖေ့ကြောင့် ကတိကြောင် သွားရပြီး
"ဖေဖေ ဘာဖြစ်နေတာလဲ "
"မင်းဘာတွေ လုပ်နေတာလဲဆိုတာ ငါ့ကအရင်မေးသင့်တာ...
ဒီကောင်နဲ့ မင်နဲ့က ဘာတွေလဲ ""ကျွန်တော့်ချစ်သူကို ဒီကောင်လို့ မခေါ်ပါနဲ့...
ညို့မှာ နာမည်ရှိတယ်...
တစ်ချိန်မှာ ကိုယ့်သမက်ဖြစ်လာမယ့်သူကို လေးလေးစားစားဆက်ဆံသင့်တယ် ""ရိုးရာကတိ! !!!"
ချစ်သူတဲ့လား...
ဂုဏ်ရောင် ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စဖြစ်၍ ဒေါသတကြီး အော်လိုက်မိတော့"ဆရာ.. စိတ်ထိန်းပါ "
ဒေါသကြီးနေတဲ့ကိုယ့်နောက်က လိုက်လာခဲ့ပြီးမှ ပွင့်ဟနေတဲ့ အခန်းတခါးကို သတိရသလို ပြန်လှည့်ပိတ်တဲ့ လျှံက သတိပေးနေပြန်သည်
"မင်းစကားမရှည်နဲ့...
ငါနဲ့လိုက်ခဲ့ ""ဘာဖြစ်နေတာလဲဆိုတာ အေးဆေးရှင်းပြလို့မရဘူးလား "
ကိုယ်ဆွဲခေါ်နေတာတောင် မလိုက်ဘဲ ရွတ်ကပ်ကပ်လုပ်နေတဲ့ ကိုယ့်သားကို ဂုဏ်ရောင် ဘယ်လိုမှ စိတ်မရှည်နိုင်တော့ဘဲ
"မင်းတို့ပတ်သက်မှုကို ငါလက်မခံဘူး "
တင်းတင်းထန်ထန်ပြောလိုက်တဲ့ ကိုယ့်စကားကို ကတိကတော့ အမှုမထားဟန်နဲ့
"ဘာလို့လဲ...
ယောက်ျားချင်းဖြစ်နေလို့လား...
ဖေဖေ လက်မခံလည်း မတတ်နိုင်တော့ဘူး ကျွန်တော်က ညို့ကိုချစ်ပြီးနေပြီ... ""မင်း! !!"
ဂုဏ်ရောင် အစိုးရိမ်ဆုံးက အဲ့ဒါပါပဲ...
မွန်မြတ်သူစကားကို အပြည့်အဝယုံကြည်ခြင်းမရှိပေမယ့်...
ရှုပ်ထွေးမှုထဲ ရှိနေတဲ့ လဆန်းညိုကို ကိုယ့်သားက ငြိတွယ်နေမှာမျိုး မဖြစ်စေချင်ဆုံး...
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Romansa***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...