Part (2)

1.2K 43 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (2)
-------------------------unicode/ zawgyi

"ကျွန်တော် အလုပ်သွားရဦးမှာ မမမြတ်... "

"ညို့အလုပ်က ဘယ်လောက်များရလို့လဲကွာ... နားလိုက်စမ်းပါ "

ကိုယ်လုပ်နေတဲ့အလုပ်ကို အထင်မြင်သေးစွာပြောလာသော မမမြတ်စကားကြောင့် တနေကုန်ချိုးနှိမ်ထားရတဲ့ လဆန်းညိုရဲ့ မာနတွေက ခေါင်းထောင်သွားရပြီး

"ဒီလိုတော့ မပြောပါနဲ့ မမမြတ်...
ရေသန့်ပို့တဲ့အလုပ်က ဂုဏ်ငယ်တယ်လို့ထင်ရပေမယ့်...
အဲဲ့ဒီက ရတဲ့ပိုက်ဆံက ကျွန်တော့်ချွေးနဲ့ရင်းထားရတာပါ...
ဘယ်လောက်ပဲရရ ကျွန်တော်တန်ဖိုးထားတယ် "

လိုတာထက်ပိုပြီး တင်းမာသွားသော လဆန်းညိုလေသံကြောင့် ​မွန်မြတ်သူ  မျက်နှာပျက်သွားကာ

"ကိုယ်က အထင်သေးလို့ပြောတာမဟုတ်ပါဘူး ညိုရဲ့...
ညို ပင်ပမ်းနေတာကို မကြည့်ရက်လို့ပါ "

ကိုယ့်ရဲ့ ရက်ရောမှုတွေကို ငြင်းပယ်ပြီး မဖြစ်စလောက်ငွေလေးအတွက် အပင်ပမ်းခံကြိုးစားနေတဲ့ ညို့ကို ချော့နေရသည်က အလုပ်မဟုတ်ပေမယ့်
မာနကြီးလွန်းတဲ့ ကောင်လေးနဲ့ အဆင်ပြေချင်တာက ကိုယ်ပဲမို့ မွန်မြတ်သူ မတတ်နိုင်ပါ

တဖက်က အလျော့ပေးလာတော့လည်း တိုသွားရတဲ့စိတ်ကို လဆန်းညို ပြန်ဆွဲဆန့်လိုက်ရပြီး

"မမမြတ်စေတနာကို ကျွန်တော် နားလည်ပါတယ်...
ဒါပေမယ့် ကိုယ်တာဝန်ယူထားတဲ့အလုပ်ကို ပျက်ကွက်တာမျိုး မဖြစ်ချင်လို့ပါ မမမြတ်"

"ဟုတ်ပါပြီ တာဝန်ကျေသူကြီးရယ်...
အလုပ်ကိုပဲ ပို့ပေးပါ့မယ်ရှင် "

လိုက်လျောခြင်းတဝက် ခနိုးခနဲ့နိုင်ခြင်းတဝက်ဖြင့် ပြောလာသော မမမြတ်စကားကို တုံ့ပြန်မနေတော့ဘဲ အေးစိမ့်နေသောကားထဲမှာ ငြိမ်သက်စွာ နားနေမိသည်က

မနက်ကတည်းကမဖြေရသေးသော အမောကို လဆန်းညိုဖြေနေမိခြင်းဖြစ်သည်
ခန္ဓာကိုယ်ရဲ့ ပင်ပမ်းနွမ်းနယ်ခြင်းတွေက အထိုက်အလျောက်ပြေလျော့သွားရပေမယ့်
မောနေရဆဲ စိတ်ကတော့ ဘယ်သောအခါမှပြေနိူင်ပါ့မလဲ

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now