ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (33)
----------------------- unicode/ zawgyi"ဆင်းခဲ့လေ...
ဘာလုပ်နေတာလဲ... "မောင် ခေါ်လာတာက အိမ်ကိုမဟုတ်ဘဲ ကွန်ဒိုကို ဖြစ်နေတာကြောင့် လဆန်းညို စဉ်းစားတွေဝေနေတုန်းမှာပဲ
ကားကိုဒရောသောပါးရပ်ပစ်လိုက်တဲ့ မောင်က ကားတခါးဖွင့်ကာ ကိုယ့်ကိုအတင်းဆွဲချနေပြန်သည်မောင့်အပြုအမူတွေက ရိုင်းစိုင်းကြမ်းတမ်းမှန်းသိပေမယ့်...
လဆန်းညို မောင့်နောက်သို့ အသာတကြည်လိုက်သွားပေးလိုက်ပြီးအခန်းထဲ ရောက်ရုံသာရှိသေးသည်...
"မင်းက မိန်းမတွေနဲ့ ပတ်သက်ချင်တယ်ပေါ့...
ငါက မင်းကို ချစ်လွန်းလို့ မင်းဆန္ဒအကုန်ဖြည့်ဆည်းပေးနေတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မြင့်နေပုံပဲ...
နောက်ကို ဘယ်မိန်းမနဲ့မှ ပတ်သက်ချင်စိတ်မရှိအောင် လုပ်ပေးမယ်"ကိုယ့်လက်နှစ်ဖက်ကို နောက်ပြန်ချုပ်ပြီး ကိုယ့်မျက်နှာကို နံရံနဲ့ဆွဲကပ်ပစ်လိုက်တဲ့ မောင့်ကြောင့် လဆန်းညိုသည်းခံစိတ်ကုန်သွားရတာက မောင့်အပြုအမူကြောင့်မဟုတ်ဘဲ.....
မောင်ပြောလိုက်တဲ့ စကားတွေကြောင့်ပါ..."တော်တော့မောင်...
မင်း စိတ်ဆိုးနေမှန်းသိလို့ ငါသည်းခံပေးနေတာ... ဒီလို စော်ကားခံဖို့ မဟုတ်ဘူး "လဆန်းညို မောင့်လက်ထဲက ရုန်းဖယ်မိရင်း ပြောလိုက်မိပေမယ့် မောင်က ဟက်ခနဲ ရယ်ချလိုက်ပြီး
"စော်ကားမခံချင်ရင်
အစကတည်းက ကောင်းကောင်းနေသင့်တယ် "အေးတိအေးစက် လေသံနဲ့အတူ မောင့်လက်တွေက တင်းကြပ်စွာချုပ်နှောင်ထားမြဲ
မောင်က စကားဆုံးတာနဲ့ သူ့ခန္ဓာကိုယ်နဲ့ နံရံကြားမှာကိုယ့်ကိုဖိညှပ်ထားပြီး
မောင့်လက်တစ်ဖက်က ကိုယ်အင်္ကျီကို ဆွဲဖြဲပစ်လိုက်တာကြောင့်ကြယ်စေ့တွေပါ ကြမ်းပြင်ပေါ် လွှင့်စင်သွားရပြီ..."မောင် ဘာလုပ်တာလဲ "
မောင့်အပြုအမူကြမ်းကြမ်းတွေက အနိုင်ကျင့်နေသလိုမို့ လဆန်းညို မေးလိုက်မိတော့

YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Romance***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...