Part (47)

361 18 2
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (47)
------------------------------------------------

"နောက်ဆုံးရိုက်မိထားတာ ဒီနေရာပဲဆရာ"

ဆန္ဒစောနေတဲ့ ဂုဏ်ရောင့်မှာ ဒုရဲအုပ်နဲ့ တစ်ပြိုင်တည်းလိုလိုပင် ချပေးလာတဲ့ပုံကို ငုံ့ကြည့်မိရင်း...

"ဂိုဒေါင်တွေ ရှိတဲ့ဘက်ပဲ "

"ဆိပ်ကမ်းနားက ကုန်လှောင်ရုံတွေမှာဖြစ်နိုင်တယ် "

ကုမ္ပဏီက Cctv မှတ်တမ်းအရဆိုလျှင် လျှံပျောက်သွားတဲ့အချိန်နဲ့ ဂုဏ်ရောင် သတိထားမိတဲ့အချိန်က တစ်နာရီကျော်ကျော်လောက်ကွာဟနေပြီ..

လျှံ ရုံးဆင်းချိန်လောက်မှာ ဂုဏ်ရောင်ဖုန်းခေါ်ခဲ့ပေမယ့် လျှံက မကိုင်..

သွေးရိုးသားရိုးပဲ ထင်မှတ်၍ ဂုဏ်ရောင် အိမ်ကို တန်းပြန်လာခဲ့တော့လည်း ရောက်သင့်တဲ့အချိန်အထိ လျှံက ပြန်ရောက်လာခြင်းမရှိ...

ဂုဏ်ရောင်စိတ်ပူပြီး ဖုန်းထပ်ခေါ်တဲ့အချိန်မှာတော့ လျှံ့ဖုန်းက ပိတ်သွားခဲ့ပြီ..

ကြံရာမရတဲ့အဆုံး ကုမ္မဏီကို လိုက်သွားတော့ လျှံ ပြန်သွားပြီဆိုတာကိုသာ သိရပြီး Cctv မှတ်တမ်းကို စစ်ကြည့်မှ ကားပါကင်မှာဖြစ်ပျက်ခဲ့သမျှကို တွေ့ခဲ့ရသည်...

တိုင်ကြားချိန်ရော စစ်ဆေးနေချိန်ပါဆို လေးနာရီလောက်ရှိပြီမို့ လျှံ့ကို စိုးရိမ်နေမိသည့်စိတ်က အထွတ်အထိပ်ကို ရောက်နေရကာ..

"ကုန်လှောင်ရုံပိုင်ရှင်တွေရဲ့အချက်အလက်ကို ကြည့်ပြီး နစ်နာသူရှိနေနိုင်မယ့်နေရာကို ရှာရမယ်...

နစ်နာသူကို နေရာရွှေ့ပြောင်းသွားနိုင်တယ်ဆိုတော့ လှုပ်ရှားမှုကို လူမသိအောင်လုပ်ပါ....

ဆိပ်ကမ်းဘက် အဝင်အထွက်တွေကိုလည်း စောင့်ကြည့်ဖို့အဖွဲ့ထားရမယ်..

အခုပဲ စလိုက်ကြတာပေါ့.."

ဒုရဲအုပ်စကားကြောင့် ဂုဏ်ရောင် အနည်းငယ်အားတက်သွားရပေမယ့်..

"ကျွန်တော် လိုက်ပါရစေ"

ပူပန်စိတ်ကတော့ လျှံ့ကို တွေ့ရဖို့ ထိုင်မစောင့်နိုင်တဲ့အထိ...

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now