ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (30)
-------------------------- unicode/ zawgyiဂုဏ်ရောင် လျှံ့နောက်က ချက်ချင်းလိုက်လာပြီး ကားပေါ်တက်ဖို့ ပြင်လိုက်ပေမဲ့
ရှေ့ခန်းတံခါးက ဖွင့်မရတော့"လျှံ ကားတံခါးဖွင့်ပေးပါဦး "
"နောက်မှာထိုင်လိုက်ပါ "
မှန်က ဟတယ်ဆိုရုံလေးကျသွားပြီး လျှံက သူပြောလိုရာပြောကာ မှန်ကို ပြန်တင်လိုက်လေပြီ
အထင်လွဲစရာမြင်ကွင်းမို့
လျှံ တလွဲတွေးနေပြီဆိုတာ သေချာသိတဲ့ဂုဏ်ရောင့်မှာ လျှံအပြုအမူကြောင့် ကြောင်သွားရပြီးမှ
နောက်ခန်းတံခါးကိုဖွင့်ကာ ကားပေါ် တက်လိုက်ရသည်..ဂုဏ်ရောင် ကားပေါ်ရောက်တာနဲ့ တပြိုင်နက် လျှံကလည်း မောင်းထွက်ပြီးသားပင်...
"မင်းထင်သလို မဟုတ်ပါဘူး လျှံ "
ခါးကြီးကိုင်းရင်း အရှေ့ခန်းသို့ ခေါင်းပြူကာ ဂုဏ်ရောင် ပြောလိုက်ပေမယ့် လျှံကတော့ နဲနဲလေးမှ လှည့်ကြည့်မလာဘဲ
"ကားမောင်းနေတုန်း စကားမပြောပါနဲ့"
အသံပြတ်နဲ့ပြန်ပြောလိုက်တဲ့ လျှံ့စကားကြောင့် ဂုဏ်ရောင် နောက်တွန့်သွားရပြီးမှ...
"ဒါဆို.. ကားရပ်လိုက်လေကွာ "
ဒီအချိန်မှာတော့ စကားမပြောဘဲ မနေနိုင်တာမို့ စောဒက တက်လိုက်မိရင်း
"ငါ ဒီနေ့စက်ရုံကိုလာတာ မွန်မြတ်သူနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ပါ"
လျှံ မြင်လိုက်ရတဲ့ မြင်ကွင်းရဲ့ အကြောင်းအရင်းကို ပြောပြဖို့အစပျိုးလိုက်ပေမဲ့...
"ဘယ်လို ဖြေရှင်းလိုက်တယ်ဆိုတာမြင်သာနေတာပဲ ...
ကျွန်တော့်ကို ပြောပြစရာ ကျန်နေသေးလို့လား "လမ်းဘေးကို ကားထိုးရပ်ပြီး ပြန်ပြောလာတဲ့ လျှံ့အသံက ကိုယ့်ကိုစိတ်ပျက်နေတာ သိသာစွာနဲ့
"မင်းမြင်လိုက်တဲ့ ခဏလေးနဲ့ပဲ ကောက်ချက်မချနဲ့လေ လျှံ...
ငါ ပြောတာကို သေချာနားထောင်မှပေါ့ ""ကောင်းပါပြီ...
ပြောပါ...
ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖြေရှင်းလိုက်တဲ့ ရလဒ်က ဘာလဲဆိုတာကို ကျွန်တော် နားထောင်ပေးပါ့မယ် "
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Romance***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...