ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (41)
-------------------------------------"မင်းက "
"account ဌာနအတွက် ရုံးချုပ်ကလွှတ်လိုက်တာပါ မမ အဲ GM ရှင့်"
အပြုံးလှလှလေးနဲ့ ကိုယ့်ရှေ့ရပ်နေတဲ့ သက်စုဆိုတဲ့ကောင်မလေးကြောင့် မွန်မြတ်သူရဲ့ မျက်ခုံးတွန့်ချိုးလေးက ပြန်မပြေနိုင်တော့ပေ....
ရုံးချုပ်ကတော့ တမင်လုပ်ခြင်းမဟုတ်....
ကိုယ့်ကံတရားကသာ ဆိုးနေတာဖြစ်မည်...ဒီကောင်မလေးကို အစကတည်းက သဘောမကျမိတဲ့အပြင်....
ကြာခဲ့ပြီဆိုပေမယ့် ဒီကောင်မလေးက ကိုယ့်ရဲ့ဆိုးရွားတဲ့အဖြစ်အပျက်တွေကိုပါ တွေ့ဖူးခဲ့တယ် မဟုတ်လား...
ဟူး.... ဆိုးလိုက်တာ....
မွန်မြတ်သူ စိတ်ထဲက ငြီးငြူလိုက်မိပေမယ့်....
"ရှေ့လျှောက် ကောင်းကောင်းတွဲလုပ်ကြတာပေါ့"
အပြုံးကို မျက်နှာထက်ပြန်တင်ကာ ပြောလိုက်ပြီး
"ဟုတ်ကဲ့ပါ GM...
စု ကြိုးစား လုပ်ပါမယ်""မင်းအတွက် လိုအပ်တာတွေ အရင်ဆွေးနွေးကြတာပေါ့"
မလွှဲသာလို့ ဆုံလာခဲ့ပြီဆိုတော့လည်း လက်ခံလိုက်ရုံပါပဲ...
အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားဖို့ စည်းတော့ တားထားမှပါ.....
----------------------------------------------------
"သစ်သီးတင်ပို့ပေးမယ့် ကိုယ်စားလှယ်ရပါပြီ ဆရာ ....
ကိုမင်းနဲ့ပဲ ချိတ်ပေးလိုက်ရမလား"
အချိုရည်စက်ရုံအတွက် လိုအပ်တဲ့သစ်သီးတွေ ပုံမှန်တင်ပို့ပေးနိုင်မယ့် ကိုယ်စားလှယ်ကို ချိတ်ဆက်မိတဲ့အကြောင်း လျှံ ပြောပြလာတော့....
"ကိုယ် အရင်တွေ့မယ်...
နောက်မှ မင်းသက္ခဆီ လွှဲပေးတာပေါ့....""ဟုတ်ကဲ့"
"ဒါနဲ့ "
ဂုဏ်ရောင် စကားစဖို့ လုပ်လိုက်တော့လည်း...
"ဟုတ်ကဲ့ ဆရာ.."
"အဲ့ဒီ့ ဆရာ ဆိုတာကြီးကို ပြင်ဖို့ပြောမလို့"

YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Lãng mạn***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...