ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (25)
------------------------ unicode/ zawgyi"ဆရာ အဆင်ပြေရဲ့လား "
လဆန်းညို ပြန်သွားပြီးကတည်းက ငြိမ်နေတဲ့ဆရာ့ကို လျှံမေးလိုက်မိတော့
"ငါ... အဆင်ပြေပါတယ်...
ဒါနဲ့ လဆန်းညိုနဲ့ ပတ်သက်ပြီး မင်းသိသလောက် ငါ့ကိုပြောပြပေးပါ "လုံးလုံးလျားလျား လက်မခံဘဲ မျက်စိစုံမှိတ်ငြင်းနေခဲ့တဲ့ ဆရာ့ဆီကနေ လဆန်းညိုအကြောင်းကို စိတ်ဝင်တစားမေးလာတာ ကြားလိုက်ရတော့ လျှံ ဝမ်းသာသွားရပြီး
"လဆန်းညိုက သာမန်မိသားစုကပါပဲဆရာ...
ကြင်နာတတ်တဲ့မိဘတွေရဲ့ ပြုစုပျိုးထောင်မှုကို ခံခဲ့ရပုံပါပဲ ...
ရိုးသားအေးဆေးပြီး လူတိုင်းအပေါ်လည်း နွေးနွေးထွေးထွေးဆက်ဆံတတ်တဲ့ ကလေးတစ်ယောက်ပါ...
ကတိ ရေထဲဆင်းသွားတုန်းက သူလည်းနစ်နိုင်တာကိုမတွေးဘဲ သူစိမ်းတစ်ယောက်ကိုပူပန်ပေးပြီး ဆင်းခေါ်ခဲ့တာပဲ ကြည့်လေ... ""အင်း... အဲ့ဒါကိုတော့ ငါလည်းတွေးမိပါတယ်"
လဆန်းညိုကို ကြော်ငြာပေးသလိုပြောနေတဲ့ လျှံ့စကားကို ဂုဏ်ရောင် ထောက်ခံလိုက်မိရင်း
"ငါသိချင်တာက...
မွန်မြတ်သူနဲ့ ဘယ်အတိုင်းအတာထိပတ်သက်ခဲ့လဲ ဆိုတာရယ် ...
အခုနောက်ပိုင်း သူ့အခြေနေဘယ်လိုရှိတယ် ဆိုတာကိုပါ""သူပြောပြသလောက်ကတော့...
မိဘတွေ ဆုံးသွားတဲ့ အချိန်မှာ မွန်မြတ်သူအမေဆီမှာ အကြွေးတင်ခဲ့ပုံပဲ ...
အဲ့ဒီ့အကြွေးကြောင့် မွန်မြတ်သူနဲ့ သိကျွမ်းခဲ့တာမျိုးပါပဲ ""ဒါဆို မင်းဆီက ပိုက်ဆံတောင်းတဲ့မိန်းမက မွန်မြတ်သူအမေပေါ့ "
"ဟုတ်တယ်တဲ့ ဆရာ...
ကျွန်တော်လည်း အစတုန်းက မသိခဲ့ဘူး...
လဆန်းညို ပြောပြမှ သိလိုက်ရတာ...
မွန်မြတ်သူအမေကို ကျွန်တော် မမြင်ဖူးဘူးလေ...
ပြီးတော့ အဲ့လောက်ထိ ဝေ့ဝိုက်ပတ်သက်နေလိမ့်မယ်လို့လည်း မထင်ထားခဲ့မိဘူး "ဒါလည်း ဟုတ်တာပဲလို့ တွေးလိုက်မိပြီး
ခြေတစ်လှမ်းနောက်ကျရကောင်းလားလို့ လျှံ့ကို အပြစ်မတင်ဖြစ်တော့ ပေမယ့်
![](https://img.wattpad.com/cover/354951888-288-k966154.jpg)
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Romance***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...