ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (42)
------------------------------------------------လဆန်းညို မောင့်ရုံးခန်းထဲရောက်တော့ တစ်စုံတစ်ခုကို အာရုံစိုက်နေပုံရတဲ့ မောင်က လဆန်းညိုကို မမြင်...
အရင်မြင်ကာ နှုတ်ဆက်ဟန်ပြင်တဲ့မနေခြည်ကို တိုးတိုးနေဖို့ ခြေဟန်လက်ဟန်ပြပြီး လဆန်းညို မောင့်ကို ငေးကြည့်နေမိသည်...
အလုပ်ထဲစိတ်နှစ်ထားတဲ့ မောင့်ပုံစံက တည်ငြိမ်လွန်းတာကြောင့်...
အကဲဆတ်လွန်းပြီး မရင့်ကျက်သလိုဖြစ်နေတတ်တဲ့ မြင်နေကျပုံစံနဲ့ ကွဲထွက်နေတာအမှန်...
မောင် အလုပ်လုပ်တဲ့ပုံစံကို ပထမဆုံးမြင်ဖူးတဲ့ လဆန်းညိုအတွက်တော့ ကြည့်ကောင်းလွန်းတဲ့ မြင်ကွင်းကိုတွေ့နေရသလိုပင်...
မောင်က အခုနောက်ပိုင်းမှာ အတော်ကြီးတည်ငြိမ်လာတာမှန်ပေမယ့်...
ဒေါသတွေလျော့ပါးသွားတယ်ဆိုရုံလောက်လေး...
လဆန်းညိုနဲ့ဆိုရင် ညစ်ကျယ်ကျယ်အမူအယာတွေလုပ်တတ်နေဆဲ... ဆိုးပေပေ ဂျစ်ကပ်ကပ် နားပူနားဆာလုပ်တတ်တဲ့ ကလေးတစ်ယောက်လို ရှိနေဆဲ...
အခုတွေ့နေရတဲ့ မောင်ကတော့ လုံးဝအခြားတစ်ယောက်လိုပင်...
ဒါပေမယ့် အခုလိုပုံစံလေးနဲ့ မောင်ကလည်း လဆန်းညိုကို ရင်ခုန်စေတာပါပဲ...
"ညို "
ခေါင်းမော့လိုက်တဲ့မောင်က စိုက်ကြည့်နေမိတဲ့ကိုယ့်ကို မြင်ကာ တအံ့တဩလေး ခေါ်လိုက်တာကြောင့်...
လဆန်းညို မောင့်ဆီလျှောက်သွားပြီး...
"မောင့် အတွက် "
"ပန်းတွေလား "
"အင်း "
ကိုယ့်လက်ထဲက ပန်းစည်းကိုမြင်လျှက်နဲ့ ပန်းတွေလားလို့ ပြန်မေးနေတဲ့မောင်က ထပ်ဆင့်အံ့ဩသွားပုံမျိုး
"Aster လား...
လှတော့လှသားပဲ...
အရောင်က ထူးဆန်းတယ်နော်...
မောင် မမြင်ဖူးဘူး
ဆေးဆိုးထားတာများလား "တွေ့နေကျ Aster ပန်းတွေလို အဖြူရောင်တို့ အနီရောင်တို့မဟုတ်ဘဲ ခရမ်းရောင်ဖြစ်နေခြင်းက မောင့်အတွက် ထူးဆန်းနေပုံပါပဲ....
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Romance***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...