Part (12)

679 28 0
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (12)
------------------------ unicode/ zawgyi

"မင်း ဒါဘာလုပ်တာလဲ ရိုးရာကတိ"

"နံလို့လေ "

ပြဿနာတွေ အရှည်အရှည်ဖြစ်မှာစိုး၍ သက်စုက မင်းစိုးကို အတင်းဆွဲခေါ်သွားပြီး
လဆန်းညိုလည်း ရိုးရာကတိကို လူရှင်းရာသို့ခေါ်လာကာ မေးလိုက်တော့

ဘောင်းဘီအိတ်ထဲ လက်နှစ်ဘက်ထည့်ပြီး ကိုယ့်ဘက်လှည့်မကြည့်ဘဲ ပြန်ဖြေတဲ့ပုံစံက ပေကပ်ကပ်နဲ့

ကိုယ့်မျက်စိရှေ့မှာတင် ရိုးရာကတိက မင်းစိုးကို နှိပ်ကွပ်ခဲ့တာ ဒါပါနဲ့ဆို နှစ်ခါရှိပြီဆိုတော့

ရိုးရာကတိနဲ့ မင်းစိုးကြားမှာ ပြဿနာရှိခဲ့ဖူးတာလား
ဒါမှမဟုတ် ကိုယ့်ကြောင့်လား....
မဖြစ်နိုင်တာ ...
ရိုးရာကတိက ကိုယ်လိုလူကိုကာကွယ်ပေးနေစရာ အကြောင်းမှမရှိဘဲ

"မင်းနဲ့ မင်းစိုးကြားမှာ ပြဿနာ ရှိဖူးတာလား"

ဖြစ်နိူင်ခြေအရှိဆုံးကိုသာ လဆန်းညို မှန်းဆ မေးကြည့်မိတော့လည်း

"အရင်တုန်းကတော့ မရှိဖူးဘူးပေါ့ ...
အခုတော့ ရှိသွားပြီလေ... သူ့မျက်နှာကို ထိုးခဲ့မှတော့ "

"ရိုးရာကတိ! !!!"

ပြန်ဖြေလာပုံက နည်းနည်းလေးမှ အလေးအနက်မရှိ

"ငါမေးတဲ့အဓိပ္ပါယ်ကို သိလျှက်နဲ့ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ "

".... .... .... .... "

ဒေါသထွက်ပြီး အော်လိုက်မိတာတောင် သကောင့်သားက ပခုံးတွန့်ရုံလောက်သာ

လဆန်းညို စိတ်လျှော့လိုက်ရကာ ဒဲ့မေးဖို့ဆုံးဖြတ်လိုက်ပြီး

"မင်းစိုးကို ဘာလို့ထိုးရတာလဲ "

"မင်းက ထိုးမှာမဟုတ်လို့လေ "

"ဘာ.... "

"ဟုတ်တယ်လေ...
မင်းက သူဘာပြောပြော
ဒေါသထွက်လည်း သည်းခံပြီး လှည့်ထွက်လာဦးမှာမဟုတ်လား "

ကိုယ့်စိတ်ကိုသိနေသလို တပ်အပ်ပြောလိုက်တဲ့ ရိုးရာကတိစကားကြောင့် လဆန်းညို သက်ပြင်းသာ ချလိုက်ရရင်း

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now