ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (51) final
----------------------------------------------"မောင်... "
ရင်ခွင်ထဲမှမောင်က လဆန်းညို အခေါ်ကို အကြည့်နဲ့သာ တုံ့ပြန်သည်...
လှဲနေရာကနေ ခေါင်အုံးကို မှီလျက်ထိုင်လိုက်တော့ မောင်က လဆန်းညိုပေါင်ပေါ် ခေါင်းအုံးလိုက်ပြီး မော့ကြည့်လျက်ပင်...
"ငါ့ကို ယုံရဲ့လား "
"အင်း.. "
နှုတ်ခမ်းစေ့ပြီး အင်းလိုက်သံက စိတ်တိုင်းကျစရာတော့ မဟုတ်...
"ခိုင်မြဲဆန္ဒနဲ့ ပြဿနာဖြစ်သေးလား "
"မဖြစ်ပါဘူး "
အနမ်းတွေနဲ့ အလွန်အကျွံရှေ့ဆက်ဖြစ်ခဲ့တာကြောင့် သိချင်နေတဲ့အကြောင်းအရာကို အခုမှ အစပြန်ကောက်ရပြီး မောင့်ရဲ့ သက်တောင့်သက်သာ အဖြေစကားကြောင့် အံ့ဩရပြန်ပါပြီ...
ကိုယ်နဲ့ခိုင်မြဲဆန္ဒကို အတူတွဲတွေ့ခဲ့မှာ သေချာလျက်သားနဲ့ ပြဿနာမဖြစ်ခဲ့ဘူးတဲ့လား...
ယုံကြည်ဖို့ ခက်သားပင်...
"ညို သောက်နေတဲ့ ဘားမှာ မောင်ရှိနေတာ"
ရှင်းပြဖို့အတွက် အေးဆေးသက်သာ အစပျိုးတဲ့ မောင့်စကားကြောင့် လဆန်းညိုမှာ တအံ့တဩနဲ့...
"ဟမ်...
ဟုတ်လား ""အင်း...
ညိုက ခွေးလို သောက်နေတာလေ ""ဟာ ငါ့ကို ခွေးနဲ့နှိုင်တာလား "
"အင်း...
ခွေးတွေက သစ္စာရှိတယ်လေ ""တော်ပြီ...
ဖယ်တော့ "မောင့်အပြောကို စိတ်မဆိုးမိပေမယ့် လဆန်းညို ထထွက်ဖို့ပြင်လိုက်တော့ မောင်က ခါးကို သိမ်းဖက်ထားကာ ထသွားခွင့်မပြုဘဲ...
"စားပြီး နားမလည် လုပ်တာပဲ "
"မောင်! !!"
ပြုံးစစနဲ့ ပါးစပ်ကထွက်သမျှပြောနိုင်တဲ့မောင့်ကို လဆန်းညို သတိပေးသလို ခေါ်မိပေမယ့်...
"မောင် လွမ်းနေတာ "
ချက်ချင်း အမူအယာပြောင်းသွားတဲ့ မောင်က တတ်လည်း တတ်နိုင်လှပါတယ်...
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Romance***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...