ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (1)
--------------------- unicode/ zawgyiနံရံပေါ်မှာ အခန့်သားရှိနေသေးတဲ့ မေမေ့ဓာတ်ပုံကိုကြည့်ပြီး ကတိ မဲ့ခနဲပြုံးမိတာက ကွယ်လွန်သွားပြီဖြစ်သော မေမေ့ကြောင့်တော့ မဟုတ်
"ဖုန်းပြောချင်လည်း တခြားနေရာရွေးသင့်တယ်ထင်တယ်...
မေမေကြည့်နေတယ်လို့ မခံစားရဘူးလား ""ဘာ "
ခနဲ့ကာမဲ့ကာ ပြောလာသော ကတိစကားကြောင့် ဦးဂုဏ်ရောင် ကိုယ့်နောက်ဘက်ကို အယောင်ယောင်အမှားမှား လှည့်ကြည့်မိတော့ နံရံပေါ်ရှိ ဓာတ်ပုံထဲက ညို့အကြည့်တွေက တကယ်ပဲ စူးလက်နေသယောင်ယောင်
"မင်း ရူးကြောင်ကြောင် ပြောမနေစမ်းနဲ့ "
လိပ်ပြာမလုံဖြစ်သွားရသော စိတ်ကို ငေါက်ငမ်းခြင်းနဲ့ ဦးဂုဏ်ရောင် ဖုံးလိုက်ပေမယ့် တကယ်ကြီး ကျောချမ်းသွားမိတာကတော့ အမှန်
လူ့စိတ်ကို ကတိမ်းကပါးဖြစ်အောင်ပြောပြီးတာတောင် ရိုးရာကတိဆိုတဲ့ ကိုယ့်သားလှရတနာရဲ့ စကားက ဒီမျှနဲ့ ရပ်မသွား"ခြေသုတ်ဝတ်ကို ခေါင်းပေါင်းလုပ်ဖို့ပြင်နေတဲ့ ဖေဖေ့အတွေးကို မေမေသာရှိသေးရင်လည်း အပြစ်တင်မှာပဲလေ "
"ရိုး ရာ က တိ!!!!"
စိတ်ထဲရှိရာကို ပေါ်လွင်ထိမိအောင် ပြောတတ်နိုင်လွန်းတဲ့ ကတိကို ဦးဂုဏ်ရောင် ခေါ်လိုက်မိတာက ပြန်ထူးစေချင်လို့တော့ မဟုတ်
ဒီစကားက အဖေကိုပြောရမယ့် စကားလား"မင်းငါ့ကို မိချောင်းမင်း ရေခင်းမပြနဲ့...
မင်းအမေဆုံးတာ ငါးနှစ်ရှိနေပြီကွ...
ငါ နောက်အိမ်ထောင်ပြုရင်တောင် ဘယ်သူမှအပြစ်မပြောဘူး ""ဖေဖေယူမယ့် မိန်းမက... ခုနဖုန်းပြောနေတဲ့မိန်းမ မဟုတ်ရင်တော့ မှန်လောက်မှာပါ "
တစ်ခွန်းမကျန်အောင် တဒက်ဒက် ပြန်ပြောနိုင်သော ကတိစကားကြောင့် ဦးဂုဏ်ရောင် ခေတ္တ ဆွံ့အသွားရပြီးမှ
"မြတ်က ဘာဖြစ်နေလို့လဲ "
"ဖေဖေ့ ခြေဆေးအိုင်က
တကယ့် ခြေဆေးအိုင်အဆင့်ပဲ ဆိုတာ မသိဘူးလား "
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Romansa***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...