ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (13)
--------------------- unicode/ zawgyi"ကတိ ကျောင်းပြီးဖို့က ဘယ်လောက်မှမလိုတော့ဘူး ...
မင်းအစီအစဉ်ကို ငါ့ကိုပြောပြဖို့ အချိန်မတန်သေးဘူးလား ""ကျွန်တော်လည်း သေချာအောင် စုံစမ်းနေလို့ပါဆရာ...
ဒီအစီအစဉ်သာ ဖြစ်သွားရင် ကတိအတွက်လည်း အဆင်ပြေမှာသေချာတယ် "လျှို့ဝှက်သည်းဖိုလုပ်နေတဲ့ လျှံ့ကြောင့် ဂုဏ်ရောင့်သိချင်စိတ်က ပိုနိုးကြားလာရပြီး
"နည်းနည်းလောက်ဖြစ်ဖြစ် ပြောပြလို့မရဘူးလား "
မျက်နှာငယ်လေးနဲ့ တောင်းဆိုလိုက်ရတာက ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို ဦးဆောင်နေရသူက ကိုယ်မဟုတ်သလို.....
ကတိနဲ့ဆိုလျှင် လျှံက ကိုယ့်ထက်ပင် အနေနီးကပ်သူမို့ ကတိအတွက် ဆုံးဖြတ်ချက်တိုင်းမှာ လျှံ့အကြံဉာဏ်ကို လက်ခံခဲ့ရသည်က အခုမှ မဟုတ် လွန်ခဲ့တဲ့ ငါးနှစ် ကတည်းကပင်
ဒါကြောင့် အခုလိုတောင်းဆိုရသည်ကလည်း ဂုဏ်ရောင့်အတွက် သာမန်ဖြစ်ရပ်တစ်ခုသာ
"လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကတိကို အထက်တန်းကျောင်းသားလေးတစ်ယောက်က ကယ်ခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တာကို ဆရာမှတ်မိလား... "
လျှံ့စကားကြောင့် လွန်ခဲ့တဲ့ ငါးနှစ်ကို ဂုဏ်ရောင် ပြန်တွေးလိုက်မိပြီး
"ကတိပျောက်သွားတဲ့နေ့ကလား... "
"ဟုတ်တယ်ဆရာ...
ပြန်တွေ့တဲ့အချိန်မှာ ကောင်လေးတစ်ယောက်နဲ့ အတူရှိနေတယ်လေ...
အဲ့ဒီ့နောက်ပိုင်းမှာ ကတိအခြေအနေက တည်ငြိမ်သွားတာ မဟုတ်လား "လွန်ခဲ့တဲ့ငါးနှစ် ဂုဏ်ရောင့်အမျိုးသမီး ကတိတို့ရဲ့အမေ မြေချတဲ့နေ့မှာ
ကတိက ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီး အားလုံးဒေါင်းတောက်အောင် ရှာခဲ့ကြပေမယ့်
ကတိကို ပြန်တွေ့ခဲ့သူက လျှံဖြစ်သည်လျှံပြောပြခဲ့လို့ အဲ့ဒီ့နေ့က အကြောင်းအရာအားလုံးကို ဂုဏ်ရောင်သိပြီးသားပင်
ဒါပေမယ့်လည်း
"အဲ့တုန်းက အကြောင်းနဲ့...
အခုကိစ္စနဲ့က ပက်သက်နေလို့လား လျှံ"

YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Lãng mạn***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...