Part (21)

597 25 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (21)
---------------------- unicode/ zawgyi

"ရေထဲဆင်းကြမယ်လေ လျှံ "

"ဟို... ဆရာပဲ သွားလိုက်ပါ...
ကျွန်တော် ရေစိုခံရတာ မကြိုက်ဘူး "

"ဘာ "

ပင်လယ်အထိ ရောက်လာပြီးမှ ရေထဲမဆင်းဘူးတဲ့လား
ဒီကပ်သီးကပ်သပ်ကောင်ကို ဂုဏ်ရောင် တကယ်ပဲ စိတ်မရှည်ချင်တော့တာကြောင့်

ကုတင်စွန်းမှာ မလှုပ်မယှက်ထိုင်နေတဲ့ လျှံအနားတိုးကပ်သွားမိပြီး

"ဒီအပမ်းဖြေခရီးက မင်းအတွက်စီစဉ်တယ်ဆိုတာ တကယ်ပဲမသိတာလား
သိရက်နဲ့ လျစ်လျူရှုနေတာလား "

ကုတင်ပေါ် လက်တစ်ဖက်ထောက်ကာ ကိုယ့်ပေါ်အုပ်မိုးပြီးမေးလာတဲ့ ဆရာ့ကြောင့် လျှံ နောက်တွန့်သွားရရင်း

"ကျ ... ကျွန်တော့်အတွက်လား... "

"ရုတ်တရက်ကြီး စီစဉ်လိုက်တဲ့ခရီးက မင်းအတွက်မဟုတ်ရင် ငါ့အတွက်လား "

"ဟုတ်... ဟုတ်ကဲ့...
အဲ့လိုထင်ခဲ့တာပါ "

ပြူးကြောင်ကြောင်လေးစိုက်ကြည့်ရင်း ပြန်ပြောလာတဲ့ လျှံ့စကားကြောင့် ဂုဏ်ရောင့် မှာ စိတ်ပျက်လက်ပျက်ကြီးပင်

"ငါက ဘာလို့လဲ"

"ဆရာ ဓာတ်ပုံကိစ္စနဲ့ စိတ်ရှုပ်နေတယ်ထင်လို့ပါ "

"အံ့ပါ့ကွာ "

ကိုယ့်စေတနာကို အကဲမခတ်တတ်တာကမှတော်သေးတယ်
အခုတော့ ဒီကောင့်ရဲ့ ခန့်မှန်းချက်က အထင်လွဲတဲ့အဆင့်မှာ

"မင်း... ငါ့အနားမှာ ဒီအချိန်ထိနေခဲ့ပြီးတော့..
ငါ့စိတ်ကို မသိသေးဘူးလားလျှံ "

"သိတော့သိပါတယ်...
ဒါပေမယ့် ဆရာက ရုတ်တရက်ကြီး ခရီးထွက်ဖို့ စီစဉ်တော့ စိတ်ညစ်နေတယ် ထင်မိတာ "

ကိုယ့်ကိုမော့မကြည့်ဘဲ ခေါင်းငုံ့လျှက်ကနေ အပြစ်ရှိသူလို ပြောလာတဲ့ လျှံ့ဆင်ခြေစကားကြောင့် ဂုဏ်ရောင် ခေါင်းငြိမ့်လိုက်မိပြီး

"မင်းကြောင့်လို့တော့ မတွေးမိဘူးပေါ့ "

နှစ်ပေါင်းများစွာ ကိုယ့်အနားရှိနေရုံတင်မကဘဲ ကိုယ်အဆင်မပြေတဲ့အခိုက်အတန့်တိုင်း တာဝန်ဝတ္တရားထက်ပိုပြီး နားလည်မှုအပြည့်နဲ့ ဖေးမကူညီခဲ့တဲ့ လျှံ့အပေါ်မှာ ဝန်ထမ်းတစ်ယောက်ထက်ပိုပြီး ဂုဏ်ရောင် သံယောဇဉ်ဖြစ်ခဲ့ရပေမယ့်

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now