ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (17)
----------------------- unicode/ zawgyiအလုပ်သွားဖို့ အချိန်တန်သည်အထိ ဆင်းလာခြင်းမရှိတဲ့ ရိုးရာကတိကြောင့် လဆန်းညို ထပ်ခိုးထပ်ကိုမော့ကြည့်မိရင်း ချီတုံချတုံဖြစ်နေရသည်
မနေ့က ပြဿနာဖြစ်ပြီးတော့ ကိုယ်အခန်းထဲဝင်သွားချိန်ကတည်းက ရိုးရာကတိလည်း သူ့အခန်းထဲ ပြန်ဝင်သွားပုံပင်
ညစာစားဖို့ လပြည့်ကိုသွားခေါ်ခိုင်းတော့လည်း မဆာဘူးလို့သာပြောလိုက်ပြီး ဆင်းမလာခဲ့
တစ်ညလုံးလည်း အရိပ်အယောင်တောင်မတွေ့ရ
လဆန်းညို ကိုယ်တိုင်လည်း ရိုးရာကတိကို စကားပြောချင်စိတ်ရှိမနေတာကြောင့် ဂရုမထားဖြစ်ပေမယ့်
အလုပ်သွားရမယ်မှန်းသိရက်နဲ့ ဆင်းမလာတာကိုတော့ စိတ်ပူနေမိပြန်သည်
လက်ကဒဏ်ရာကြောင့်များ ဖျားနာနေတာလား
အလုပ်သွားဖို့အချိန်လည်း နီးကပ်နေပြီဖြစ်၍ လဆန်းညို အပေါ်တက်ပြီးခေါ်မယ်ကြံကာမှ
ဆင်းလာပါပြီ...
ကိုယ်ကသာစိတ်ပူနေမိပေမယ့် သကောင့်သားက လန်းလန်းဆန်းဆန်းပင်
လှေခါးပေါ်က ဆင်းလာတဲ့ရိုးရာကတိက ကိုယ့်အနားရောက်လာတော့မည်
ရိုးရာကတိကို ဘယ်လိုစကားစရမှန်းမသိဘဲ လဆန်းညို အကြံအိုက်နေဆဲပင်
မနေ့ကလို ခံစားချက်မပြင်းထန်တော့ပေမယ့်
ရိုးရာကတိကိုတော့ သူ့အမှားသူသေချာသိစေချင်သည်"ငါ့ကိုစောင့်နေတာမဟုတ်လား...
သွားမယ်လေ"ကိုယ်ကသာ အတွေးပေါင်းစုံနဲ့ ယောက်ယက်ခတ်နေပေမယ့်
အလုပ်သွားဖို့ ပြောလာတဲ့ ရိုးရာကတိပုံစံက သက်တောင့်သက်သာပင်
သူ့အမှားသူသိလို့ ဒီလိုပုံစံဖြစ်နေတာပဲလားခန့်မှန်းမရတဲ့ ကောင်ပဲ ....
လဆန်းညို စိတ်ရှုပ်ထွေးစွာနဲ့ ရိုးရာကတိနောက်က လိုက်လာခဲ့မိရင်း အခန်းထဲက မထွက်ခင်မှာပဲ
![](https://img.wattpad.com/cover/354951888-288-k966154.jpg)
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Romance***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...