ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (24)
------------------------- unicode/ zawgyiအံဆွဲကိုဖွင့်ပြီး တစ်စုံတစ်ခုကိုတွေ့လိုဇောကြီးစွာ ရှာလိုက်မိတော့
အံဆွဲရဲ့ထောင့်အကျဆုံးနေရာမှာ တွေ့လိုက်ပါပြီ
ကိုယ်ကိုင်ကြည့်မှာစိုးပြီး မောင် အသည်းအသန်ဝှက်ခဲ့တဲ့ Mp3 လေး
ကျောဘက်ကိုသေချာကြည့်မိမှ တစွန်းတစပဲကျန်တော့တဲ့ လခြမ်းပုံ sticker
"မောင်က အဲ့ဒီ့ကောင်လေးတဲ့လား "
မောင် ကိုယ့်နောက်ကို တကောက်ကောက်လိုက်နေရတဲ့အကြောင်းရင်းရဲ့အစက
"လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ရေထဲကနေ မင်းကယ်ခဲ့တဲ့ကောင်လေးက ကတိပဲ လဆန်းညို...
ဆရာ့နေရာကို ဆက်ခံမယ့် ကတိအတွက် ဘယ်လိုအစွန်းအထင်းမှ မရှိစေချင်လို့...
အဲ့ဒီ့ကလေးက ငါ့တူပါလို့ မင်းကိုပြောခဲ့ရတာပါ"ဦးမြတ်လွန်းလျှံဆီက အဲ့လိုစကားကိုကြားလိုက်ရတော့
လဆန်းညို စိတ်ထဲမှာ အံ့ဩခြင်းထက် မယုံနိုင်ခြင်းသာ ကြီးစိုးသွားရပြီး
"မဖြစ်နိုင်တာ " လို့ ထုတ်ပြောမိတဲ့အထိ
"မဖြစ်နိုင်ဘူးလို့ ထင်ချင်လည်း ထင်စရာပေါ့...
မင်းကယ်ခဲ့တုန်းက တွေ့ရတဲ့ကတိက anxiety - panic (စိုးရိမ်မှုလွန်ကဲသောရောဂါ )ကို ခံစားနေရတဲ့ ပိန်ပိန်လှီလှီ ကောင်လေးလေ..
နောက်တစ်နှစ်ကျော်လောက်နေပြီး ကျောင်းမှာပြန်တွေ့ရတဲ့ ကတိကတော့ အရမ်းကိုကွာခြားနေမှာပေါ့...
အရမ်းကောင်းတဲ့ပြောင်းလဲခြင်းဖြစ်ခဲ့ပေမယ့် ကတိဘာလို့ အဲ့လိုပြောင်းလဲသွားတယ်ဆိုတာကို ဘယ်သူမှနားမလည်နိုင်ကြဘူး...
သူ့ကို ကုပေးနေတဲ့ ပါရဂူကြီးက အစပဲ...ဒါပေမယ့် အဲ့အချိန်တုန်းက ပါရဂူပြောခဲ့တဲ့ စကားတစ်ခုတော့ရှိတယ်...
ကတိက သူ့ကိုလုံခြုံစိတ်ချမှုပေးနိုင်တဲ့ တစ်ခုခုကိုရှာတွေ့သွားလို့ ဖြစ်နိုင်တယ်တဲ့...
အဲ့ဒီ့တစ်ခုက ဘာလဲဆိုတာကိုတော့ ကတိကလွဲပြီး ဘယ်သူမှမသိနိုင်ဘူးလေ"ဦးမြတ်လွန်းလျှံ ပြောသမျှစကားတွေကို နားထောင်လိုက်တော့လည်း တစ်နှစ်အတွင်း အများကြီးပြောင်းလဲသွားတဲ့ ကတိကို မမှတ်မိခဲ့တာက ဖြစ်နိုင်သော ကိစ္စပင်
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Roman d'amour***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...