ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (35)
----------------------- unicode/ zawgyi"ကားကို ဂရုစိုက်မောင်းပါဗျ"
"အဲ့လိုရလား "
"ဗျာ"
တစ်ပတ်လုံး ကိုယ်နဲ့စကားပြောရမှာကြောက်နေသလိုရှောင်လွှဲနေတဲ့ကောင်လေးက ဂုဏ်ရောင်မေးလိုက်တော့ ပြူးကျယ်ကျယ်လေးနဲ့
"ကိုယ်စဉ်းစားခိုင်းထားတဲ့အဖြေက ဘယ်မှာလဲ... ချက်ချင်း အဖြေပြန်ပေးဖို့ ပြောထားရက်နဲ့ အရူးကွက်နင်းနေတာ ဘယ်လောက်ကြာပြီလဲ "
".... ..... ...."
"တစ်ပတ်တောင်ရှိပြီလေကွာ...
တစ်ပတ်တောင်ရှိပြီ "".... .... ...."
ဂုဏ်ရောင် အားမလိုအားမရကြီး ပြောလိုက်မိရင်း
အိမ်ကိုပြန်ပို့ပေးရာလမ်းတလျှောက်လုံး နှုတ်ဆိတ်နေတဲ့ကောင်လေးကို အသည်းယားလှပြီမို့
ထပ်သည်းခံဖို့အစီစဉ် မရှိတော့ပါ...
ကားပေါ်က ဆင်းဖို့ကြံနေပုံရတဲ့ လျှံ့လက်ကိုဆုပ်ကိုင်ထားလိုက်ပြီး..."ဘာတွေ တွေဝေနေတာလဲ အချစ်ရာ...
ကိုယ်တို့ကြားမှာ တွေဝေနေစရာအကြောင်း ရှိလို့လား...
ဒါမှမဟုတ်.. ကိုယ့်ကို တကယ်မချစ်ဘဲ သံယောဇဉ်ရှိရုံပဲ ဖြစ်နေလို့လား ""အဲ့လိုမဟုတ်ပါဘူး "
ဂုဏ်ရောင် ဖိအားပေးလိုက်မှ ငုံ့နေတဲ့ခေါင်းကို ဖော်လာပြီး ကပျာကယာလေးငြင်းနေပြန်သည်
"ဒါဆို ဆုံးဖြတ်ရခက်နေတဲ့ အကြောင်းကဘာလဲ.."
"ကလေးတွေကို အရင်အသိပေးရမယ် ထင်တယ် ...
သူတို့သဘောမပါဘဲ ဆုံးဖြတ်တာမျိုးမလုပ်စေချင်ဘူး "အတွေးများပြီး တစ်ယောက်တည်း ခက်ခဲနေပုံပေါ်တဲ့ ကောင်လေးကြောင့် ဂုဏ်ရောင် ပြုံးလိုက်မိရင်း...
"ကိုယ့်သားတွေက မင်းကို ဘယ်လောက်တောင် သဘောကျကြလဲ...
စိတ်ပူစရာ မရှိတာကိုကွာ..""အခုက မတူဘူးလေ "
လျှံပြောချင်တဲ့ အဓိပ္ပါယ်ကို ဂုဏ်ရောင် နားလည်ပါသည်..
လျှံသာ လက်ခံလိုက်လျှင် လျှံက ကိုယ့်သားနှစ်ယောက်ရဲ့ မိထွေး... အဲ ..
ပထွေးဖြစ်လာမှာ မဟုတ်လား...
အဲ့ဒါတွေကို ကြိုစဉ်းစားမထားဘဲ ဂုဏ်ရောင် လျှံ့ကို တောင်းဆိုနေတာမှ မဟုတ်ဘဲ...
![](https://img.wattpad.com/cover/354951888-288-k966154.jpg)
YOU ARE READING
ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completed
Roman d'amour***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြောင်ရထားတဲ့ ငါကလည်း သာမန်ရိုးကျအဆန်ဆုံးဖြစ်နေနိုင်တယ်****** (ရိုးရာ ကတိ) ****** ပတ်ဝန်းကျင်ကို တုံ့ပြ...