ဆရာနဲ့ကျွန်တော် ဂိုက်သင်တဲ့အတောအတွင်းအတော်
ရင်းနှီးလာကြတယ်။ ဆရာရဲ့အကြောင်းအနည်းအကျဥ်းကိုသူသိနေပြီီ။ဆရာနဲ့သူနဲ့ကတူတဲ့အချက်ကလေးတွေရှိသလိုမတူ
တဲ့အချက်တွေလည်းရှိတယ်။ဆရာကစာအုပ်ဖတ်ရတာကို ကြိုက်သလိုသူလည်း
စာအုပ်ဖတ်ရတာကိုကြိုက်တယ် ဆရာကမိုးရာသီကို
နှစ်သက်သလို သူလည်းမိုးရာသီကိုနှစ်သက်တယ်။ဆရာကcoffeeနဲ့အရွက်သုပ်ကိုကြိုက်သလောက်သူကတော့လုံးဝမကြိုက်
သို့ပေမဲ့ဆရာနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကtinaဆို
တဲ့မိန်းကလေးမရောက်လာခင်အထိကောင်းနေခဲ့
ပါတယ် သာယာတဲ့နေ့လေးမှာ မုန်တိုင်းကရုတ်တရက်
ရောက်လာသလိုမျိူး..."ကိုကို..ညနေကျရင် အပြင်လိုက်ပို့ပေးလို့"
ချွဲပျစ်နေတဲ့အသံနဲ့ဆရာ့ရဲ့လက်မောင်းကိုဖက်တွယ်ပြီးပြောနေသည့်သူမ ဆရာကတော့ဘာမှမတုံ့ပြန်သေးပေ။
"ကိုကို..နော်လို့"
"ကိုကို" ထိုနာမ်စားကချစ်သူရည်းစားတွေကြားထဲမှာ
သုံးတဲ့နာမ်စားမဟုတ်လား။"အလုပ်အားရင် လိုက်ပို့မယ်tina..သိပ်အာရုံမနောက်စမ်းနဲ့"
"ပြီးရော"
အလုပ်အားရင်တဲ့။ညနေသူ့အိမ်မှာဂိုက်ရှိတယ်မဟုတ်
လား သူ့အိမ်မှာဂိုက်ရှိတယ်လို့ပြောရင်ဘာဖြစ်မှာမို့လို့
လဲ။ဂိုက်မရှိရင်လိုက်ပို့ပေးမယ်ပေါ့။အို..အဲ့မိန်းကလေးကိုဆရာနဲ့စိတ်မချဘူး။ဟိုတနေ့က
hotelတခုကနေယောကျာ်းတယောက်နဲ့အတူဝတ်လစ်စလစ်ထွက်လာတာသူရောwilliamရောအမြင်ပဲ။uniမှာလည်းယောကျာ်းလေးတွေတယောက်ပြီး
တယောက်နဲ့တွဲနေတာ ထိုမိန်းကလေးကမနေ့တနေ့
ကမှuniကိုရောက်ရှိလာပြီးအမြဲတမ်းဆရာ့နားကိုပဲ
ကပ်သည်။ဆရာ့ကိုမေးကြည့်တော့ ငယ်ငယ်လေး
ကတည်းညီမလိုရင်းနှီးတဲ့ငယ်သူငယ်ချင်းတဲ့လေ။
မယုံပါဘူး..ထိုမိန်းကလေးရဲ့အကြည့်တွေကမရိုး
သားဘူး ဆရာ့အပေါ်မှာကြည့်တဲ့သူ့ရဲ့မျက်ဝန်းတွေ
လိုမျိူး ..အဲ့မိန်းကလေးရဲ့အကြည့်တွေကဘာပဲဖြစ်ဖြစ်ကိုယ်သဘောကျရတဲ့ဆရာကမိန်းကလေးတယောက်နဲ့အရမ်းရင်းနှီးတဲ့ဆိုတဲ့အသိကသူ့
ကိုဝမ်းနည်းစေသည်။