ဖြူလွလွအင်ကျီကိုချွတ်လိုက်ချိန်တွင်တောင့်တင်း
သန်မာလှသည့်ရင်အုပ်ကြွက်သားနှင့်ဝမ်းဗိုက်ကြွက်
သားများဟာပေါ်ထွက်လို့လာသည်။
ညာဘက်လက်တစ်လျှောက်ရှိ တက်တူးရောင်စုံတွေ
ဟာပန်းချီဆရာတယောက်၏စုတ်ချက်တွေလို။လက်ကောက်ဝတ်ကငွေရောင်နာရီနှင့်လက်စွပ်တို့ကို
ချွတ်၍စားပွဲပေါ်တင်ပြီးရေချိူးခန်းထဲဝင်သွားတော့
သည်။ရေပန်းက ကျလာတဲ့ရေစက်တွေကဦးခေါင်းဆံကေ
သာကနေတဆင့်ခြေဖမိုးဖြူဖြူထိလိမ့်ဆင်းသွား
တော့သည်။ရေစိုနေသည့်ဆံနွယ်ရှည်ရှည်တွေကို
အနောက်သို့သပ်တင်ချိန်ပြေပြစ်သည့်နဖူးနှင့်အချိူး
ကျကျမျက်ခုံးမွှေးနက်နက်တို့က ပေါ်ထွက်လာသည်။နောက်ပြီး သူ့လက်သူကြည့်၍...
"မသတီလိုက်တာ"
တဖန်နှုတ်ခမ်းပါးတွေကိုထိကိုင်ပြန်သည်။
"မတည်နိုင်တဲ့ကတိတွေပေးခဲ့တဲ့ ဒီပါးစပ်ကိုရော
မသတီလိုက်တာ"ရေပန်းခလုတ်ကိုပိတ်၍သဘက်အဖြူကိုခါးမှာပက်
ပြီးရေချိူးခန်းထဲကထွက်လာခဲ့တော့သည်။အနီရောင်ဖဲသားpajamasကိုခါးစည်းကြိုးမချည်
ဘဲဒီတိုင်းဝတ်ဆင်ထားတာကြောင့် ခပ်ကြီးကြီး
ခန္ဓာကိုယ်အရှေ့ကြွက်သားများဟာ အထင်းသား။ရေစိုနေတဲ့ဆံပင်တွေကိုလည်းမသုတ်ဘဲဒီတိုင်း
အနောက်သို့လှန်တင်ထားပြီးတိုက်ခန်းရဲ့မှန်ပြတင်း
ပေါက်တွေကနေတဆင့်အပြင်ဘက်သို့ငေးကြည့်နေ
သည်။ထို့နောက်ပြန်လှည့်၍မီးဖိုချောင်ထဲဝင်သွားပြီး
ကောင်တာမှာစီထားတဲ့ဝိုင်ပုလင်းတွေထဲက
011အမှတ်စဥ်ဝိုင်ပုလင်းကိုဆွဲထုတ်လိုက်သည်။သူ့ရဲ့အခန်းထဲသို့ပြန်လာခဲ့ပြီးဝိုင်ခွက်ထဲသိို့ဝိုင်အနည်း
ငယ်ထည့်ပြီးသောက်လိုက်၏။
ထူးကဲလှသည့်အရသာကြောင့်သူ့ရဲ့နှုတ်ခမ်းပါးတွေ
ဟာပြုံးရယ်လျက်။CD player radioတွင်ထည့်ထားသည့်CDချပ်ကိုထုတ်၍
နောက်ထပ်CDချပ်တခုပြောင်းထည့်လိုက်၏။CD player radioကပျံ့လွင့်လာသည့်သီချင်းသံစဥ်...
'🎶Strawberries cherrie and the
angel's kiss in spring
နွေဦးမှာစတော််ဘယ်ရီတွေ၊ချယ်ရီတွေနဲ့နတ်သား
တယောက်ရဲ့အနမ်းလေး