မနက်မိုးလင်းကတည်းကသူ့မှာအခန်းထဲတွင်ရှေ့
လျှောက်အနောက်လျှောက်ဖြင့်လုပ်နေတော့သည်။
ဆရာမနေ့ကပြောသွားတဲ့vincent van gogh
ရဲ့ပြတိုက်ကိုသွားမည်ကတကယ်လား၊စနောက်နေ
တာလားဆိုတာကိုမသဲကွဲပေ။ဖုန်းဆက်ပြီးမေးဖို့က
လည်းအဆင်မပြေ..ဆရာမနေ့ကသူ့ကိုလေသံမာမာ
နဲ့ပြောသွားတာကြောင့်နည်းနည်းကြောက်နေသည်။သူ့ကိုထပ်အော်ရင်ဘယ်လိုလုပ်ပါ့မလဲ။သူကဆရာ့ကို
စိတ်ဆိုးရမှာကိုဆရာကစိတ်ဆိုးတာကြောင့်သူ့မှာ
ဘာလုပ်ရမှန်းမသိတော့ပေ။ဆရာကတော်တော်ကို
နားလည်ရခက်သည်။အိမ်အောက်တွင်အသံကြားတာကြောင့်အောက်ကို
အမြန်ပြေးဆင်းသွားတော့ အန်တီလေးနှင့်အတူ
ဆရာဟာပြုံးရယ်ပြီးစကားတွေပြောနေခဲ့သည်။ဆရာကဘယ်အချိန်တုန်းကတည်းကရောက်နေတာ
လဲ။သူလည်းမသိရပါလား..ဧကန ဆရာသူ့ကိုပြတိုက်
သွားဖို့လာခေါ်တာမဟုတ်ပါဘူးနော်။"အော်..taehyungငယ်...ဒီမှာမင်းရဲဆရာနဲ့စကား
လာပြောလိုက်အုံး"အန်တီလေး၏'မင်းရဲ့ဆရာ'ဆိုတဲ့နေရာမှာသူ့ရဲ့
ရင်ထဲအနွေးလှိုင်းလေးဖြတ်သန်းသွား၏။"kim..ပစ္စည်းတွေထည့်ပြီးသွားပြီလား"
"အာ..နည်းနည်းတော့ထည့်ပြီးသွားပြီ"
"ဘာလို့နည်းနည်းပဲထည့်ရသေးတာလဲ..ဆရာမနေ့
ကတည်းကအဆင်သင့်ပြင်ခိုင်းထားတာလေ"ဆရာ့ရဲ့လေသံဟာအနည်းငယ်မာသွားတော့သည်။
ဒီလိုပြောပုံအရဆိုရင် တကယ်ကြီးခေါ်သွားမှာလား။"ဟိုဟာလေ..အန်တီလေးဆီကခွင့်ပြု.."
"kimရဲ့အန်တီလေးကို ဆရာပြောပြီးသွားပါပြီ။
သူမက မင်းကိုခွင့်ပြုတယ်တဲ့"သူ့ရဲ့စကားကိုဖြတ်ပြောလာပါသောဆရာ။တခြားသူ
တွေဆိုရင်စိတ်ဆိုးမိမှာမှန်ပေမဲ့ဆရာမို့လို့စိတ်မဆိုး
ရက်..သူဟာသူစကားပြောရင်ဖြတ်ပြောတာကိုအရမ်း
မုန်းတာ။"ကျွန်တော်ဟိုတနေ့ကလိုဖြစ်မှာစိုးတယ်"
"နောက်နောင်မဖြစ်စေရတော့ပါဘူးkim..ဆရာဒီ
တခေါက်အသေအချာကိုပြင်ဆင်ထားတာပါ..kim
မယုံလို့ရှိရင်ဆရာticketတွေပြပါမယ်"
![](https://img.wattpad.com/cover/354591608-288-k946566.jpg)