ဒီတလောအတွင်းဂိုက်ကိုခဏနားထားလိုက်သည်။မြင်
နေရရင်ပိုပြီးခံစားနေမှာမဟုတ်လား။"အဟွတ်..အဟွတ်"
စောင်ကိုပိုတိုး၍ခြုံလိုက်ပြီးကွေးနေလိုက်သည်။ယမန်
နေ့ကမိုးမိ၍အအေးမိသွားသည်။သူရဲ့အလက်ဂျစ်က
မိုးရေနဲ့မတည့်တာ..မိုးထိတာနဲ့ဖျားပါလေရော။တော်
တော်နဲ့မပျောက်ဘူး။ယခုဆိုလည်းသုံးရက်လောက်ရှိ
ပြီ။အထွေအထူးတော့မဟုတ်ပင်မဲ့ကိုယ်ပူချောင်းဆိုး
ရုံလိုက်လေးပါပဲ။နိုဝင်ဘာလတောင်ကုန်နေပြီကိုကယ်လီဖိုးနီးယားရဲ့မိုး
ကအတောမသတ်နိုင်တော့ မထင်ရင်မထင်သလိုရွာ
တတ်သေးတာ။ပြတင်းပေါက်မှန်ကနေကျသည့်မိုးစက်ကလေးတွေကို
ကြည့်ပြီးစဥ်းစားမိပြန်သည်။ဆရာကသူ့ကိုဂရုစိုက်သလိုမျိူးtinaကိုရောဂရုစိုက်
နေမှာလား.. အဲ့ဒီအတွေးကသူ့ကိုသတ်သည်။သူက
ဆရာဂရုစိုက်မှုတွေကြောင့်ပျော်ဝင်သွားတာမဟုတ်ပါ။အပြုအမူတွေ၊အမူအရာတွေကြောင့်ပျော်ဝင်မိသွား
တာ။ဒါကိုဆရာသိရင်သိပ်ကောင်းမှာပဲ။နေမကောင်းရင်ပို၍စိတ်အားငယ်တတ်သည့်သူကယခုလည်းစိတ်မကောင်းဖြစ်နေပြန်သည်။မျက်ရည်စက်
ကလေးတွေကိုလက်ခုံနဲ့သုတ်၍တခြားဘက်သို့လှည့်
ကာမှေးစက်ရန်ပြင်လိုက်တော့သည်။*ဒေါက်..ဒေါက်*
"ဝင်လာခဲ့ပါ"
တံခါးခေါက်သည့်လူကိုအန်တီလေးဟုထင်ထားခဲ့ပင်မဲ့သို့သော်ဆရာဖြစ်နေခဲ့သည်။သူ့ရဲ့စိတ်ကလေးတွေနွမ်းလျရသည်။
"မသက်သာဘူးလား kim"
"နည်းနည်းသက်သာနေပါပြီ"
"မိုးရေနဲ့ဓာတ်မတည့်ဘူးကြားတယ်"
ခေါင်းငြိမ့်ပြလိုက်သည်။
"ဆိုးလိုက်တာ..ဆရာကkimနဲ့အတူမိုးရေထဲမှာ
လျှောက်ပတ်ချင်သေးတာ"အောက်ကျသွားသည့်သူ့၏မျက်နှာကိုဆရာကပါးတ
ဖက်ကိုကိုင်၍ပင့်တင့်လာသည်။
ဆရာ့ရဲ့လက်ကိုအသာအယာပယ်ချလိုက်သည်။"kimသိလား..ဆရာ့မှာအချိန်သိပ်မရှိတော့ဘူး"
ဘာကိုပြောမှန်းမသိပင်မဲ့နားထောင်နေလိုက်သည်။