Part-24

552 26 2
                                    

လေဆိပ်ကိုသူတို့အကုန်လုံးရောက်နေကြပြီဖြစ်သည်။
အကြောင်းကား new yorkကိုထွက်ခွာတော့
မည့်ဆရာအားလိုက်လံပို့ဆောင်ကြခြင်းဖြစ်သည်။
ထွက်သွားတဲ့သူကထွက်သွားတော့ပင်မဲ့မပျော်နိုင်တာ
ကသူပါ..ဘယ်လိုများနေရစ်ခဲ့ပါ့မလဲ။

ဆရာကငှက်ငယ်လေးတကောင်နဲ့တူတယ်။
သူ့လိုသစ်ပင်တပင်ပေါ်မှာခဏတာဝင်နားခိုပြီးလွတ်လပ်စွာပျံသန်းလို့သွားခဲ့တယ်..လှုပ်ခါကျန်ရစ်ခဲ့တဲ့
သူ့ရဲ့သစ်ကိုင်းခက်ကလေးမှာတော့တသက်တာငြိမ်ဖို့
ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလေ။

"victory..မင်းသူ့ကိုမေ့အောင်လုပ်မှရမယ်"

"ငါမှမေ့မရပဲ..williamရယ်..ငါလေ ဆရာ့ကို
တရက်ကလေးမှမချစ်ပဲမနေနိုင်ဘူးသိလား။"

ကြိုပြီးလွမ်းကြည့်နေတာနဲ့တင်သူ့ရဲ့ရင်ခုန်သံတွေ
ဟာနွမ်းလျနေလိုက်တာ..တကယ်သာခွဲရရင်
သူ့အဖြစ်ကပြိုတော့မလိုဖြစ်နေတဲ့မိုးရာသီရဲ့ကောင်း
ကင်လိုဖြစ်နေတယ်။

"ဟိုမှာဆရာလာပြီ..သွားနှုတ်ဆက်လိုက်အုံး"

မျက်ရည်တွေကိုဖွဖွသုတ်ရင်းအနားသို့တဖြည်းဖြည်း
သွားလိုက်သည်။တကယ်ကြီးသူနဲ့ကယ်လီဖိုးနီးယား
ကိုထားသွားတော့မှာပေါ့..တွေးကြည့်လေလေပို၍
ဝမ်းနည်းဖို့ကောင်းပါလား။

"ဆရာပြန်လာမှာလားဟင်"

အရှက်မရှိမေးပစ်လိုက်ပုံများ..

"တွယ်တာစရာတွေရှိရင်​တော့ပြန်လာမှာပါkim"

အပြုံးချိုချိုတွေပေးရင်းသူ့ရဲ့ဆံနွယ်တွေဆီလက်လှမ်းလာချိန်မှာတော့အသာအယာတိုးဖယ်မိသည်။မကြင်နာပါနဲ့တော့..ကြင်နာရင်ဒီလူကခံနိုင်ရည်မရှိဘူး။

"ကျွန်တော့်မွေးနေ့အထိနေပေးလို့မရနိုင်ဘူးလား"

"အဟင်း.."

သူ့ကိုပွေ့ဖက်လာသည်..အတင်းအကျပ်ပွေ့ဖက်လိုက်
ပြီးပါးစပ်ကနေလည်းမထွက်သွားပါနဲ့လို့တဖွဖွရွတ်
ဆိုနေမိသည်။

"အင့်..ဟင့်..ကျေးဇူးပြုပြီး..ဟင့်..မထွက်သွားပါနဲ့
လား"

*New yorkကိုသွားမဲ့လေယာဥ်ထွက်ခွာပါတော့
မယ်..*

Those ocean eyes🌊Where stories live. Discover now