2နှစ်ကြာပြီးနောက်။
ခပ်မြင့်မြင့်အညိုရောင်ရှုးဖိနပ်တရံ၏ပိုင်ရှင်သည်ပြောင်လက်နေသောကြမ်းပြင်ပေါ်တွင်တောက်ပစွာ
အခြေချလျက်ရှိ၏။အခန်းတခုထဲသို့ဝင်သွားလိုက်ပြီး
အပေါ်suitကိုချွတ်ကာဆုံလည်ကုလားထိုင်ပေါ်ထိုင်
၍သက်ပြင်းတွေကိုချနေလိုက်တော့၏။
အရင်ကနဲ့မတူတော့သည့် အညိုရောင်ဆံနွယ်တွေ
ဟာအနောက်သို့လှန်တင်ထားပြီး တည်ငြိမ်သွားသည့်
မျက်ဝန်းတွေ၊ရင့်ကျက်နေပြီးဖြစ်သည့်အမူအရာတို့
ဟာထိုသူ၏ပြောင်းလဲသွားသည့်အပြုအမူတွေ။
ဒါပေမဲ့ သူ့၏နှလုံးသားထဲကတစုံတယောက်ဟာ
မပြောင်းလဲပါပေ။အသက်တွေကြီးသွားပင်မဲ့လည်း
နှလုံးသားရဲ့ပဲ့ကိုင်ရှင်ကတော့ သူမှသူပါပဲ။*တီ တီ တီ*
"ဟယ်လို..williamပြော"
"သားကြီး..မနက်ဖြန်ငါ့သမီးမွေးနေ့လာခဲ့နော်..မနက်
ဖြန်မှမလာရင် မင်းကိုငါတကယ်မိန်းမပေးစားတော့
မယ်သိလား""အဟား..မနက်ဖြန်တော့ငါတကယ်လာပါ့မယ်ကွာ
အရင်နှစ်တွေက ငါတကယ်မအားလို့ပါ""အေး..မလာလို့ကတော့နော် ငါ့သမီးနဲ့ငါ့သားကို
မင်းတပတ်လောက်ထိန်းရမယ်မှတ်""ဟုတ်ပါပြီ..ဟုတ်ပါပြီ"
ရယ်၍ဖုန်းချလိုက်ပြီး ဘေးနားမှာချထားသည့်
လက်ဖက်ရည်ခွက်ကိုတငုံသောက်လိုက်တယ်။
williamတောင်အိမ်ထောင်ကျသွားတာကြာပြီ။
roselynnနဲ့ပါပဲ..သားလေးတယောက်၊သမီးလေး
ယောက်မွေးထားတယ်။သားလေးကwilliamလို
မျိူးမဲမဲလေးဖြစ်ပြီး သူ့အမေလိုhazelရောင်
မျက်လုံးတွေနဲ့..အငယ်လေးကျတော့သိပ်မတွေ့ရသေးဘူး။အလုပ်တွေများနေတာနဲ့မတွေ့ဖြစ်တာများ
နေတာ။မနက်ဖြန်တော့သွားဖြစ်အောင်သွားမယ်ဟု
ဆုံးဖြတ်လိုက်တော့၏။စားပွဲပေါ်မှာတင်ထားသည့်အကြည်ရောင် ဘုတ်ပြား
ပေါ်တွင် Lawyer Victory kimဟုရွှေရောင်
စာလုံးလှလှလေးများစီတန်းလျက်။ညနေပိုင်းအမှုတွေစီစစ်ပြီးတာနဲ့အိမ်ပြန်ဖို့ဦးတည်လိုက်တော့၏။စားပွဲပေါ်မှာတင်ထားတဲ့ဆင်စွယ်ရောင်
suitကိုကောက်ယူ၍ဝတ်ကာသူ့၏ရုံးခန်းထဲကထွက်
လာတော့သည်။အပြင်ဘက်တွင်လည်းအလုပ်သမား
တယောက်စနှစ်ယောက်စပဲရှိတော့တယ်။သူလည်း
ဘယ်လောက်တောင်အလုပ်တွေလုပ်နေခဲ့လဲမသိ။
အချိန်တွေကုန်မုန်းမသိအောင်ကုန်ခဲ့တာပဲ။အချိန်ကို
ကြည့်တော့5နာရီထိုးလုလု။suitကိုသပ်သပ်ရပ်ရပ်
ပြင်ပြီးအဆောက်အအုံကနေထွက်လာခဲ့တော့တယ်။