Part-16

281 20 0
                                    

နယ်သာလန်ကို8နာရီလောက်သူတို့ရောက်ကြသည်။ယခုamsterdamမြို့မှာရှိတဲ့hotelတခုကို
သူတို့ရောက်နေပြီ။

"Geef ons gewoon een kamer"

တခုကောင်းသည့်ကဆရာကဒတ်ချ်ဘာသာစကားကို
တတ်သည်။ယခုလည်းကောင်တာမှာရှိတဲ့ဝန်ထမ်းကို
ဒတ်ချ်လိုတစုံတခုပြောလိုက်တော့ ဝန်ထမ်းကအပြုံး
လေးနဲ့အတူသော့တချောင်းပေးလာသည်။

သော့ကနှစ်ချောင်းဖြစ်ရမှာမဟုတ်ဘူးလား။

"ဆရာကသော့ကဘာလို့တချောင်းထဲလဲ"

"ဆရာနဲ့kimနဲ့တခန်းထဲအတူတူနေမှာလေ..အဆင်
မပြေလို့လား"

"ပြေ..ပြေပါတယ်"

တခန်းထဲအတူတူ..ဘယ်လိုပြေပါ့မလဲ။

အခန်းတံခါးကိုသော့ဖွင့်ပြီးဝင်သွားတော့သပ်သပ်ရပ်
ရပ်တည်ရှိနေသည့်ပရိဘောဂတွေနဲ့အခန်းကကြိုဆို
နေသည်။

"ဆရာ..ကျွန်တော်.ရေသွားချိူးလိုက်ဦးမယ်နော်"

"အင်းမ်..သွားချိူးလေ"

ရေချိူးခန်းထဲထိုင်ချမိပြီးစဉ်းစားခန်းတွေဖွင့်နေတော့
၏။ဆရာအပေါ်ကသူ့မှမရိုးသားတာ..ပြီးတော့တကု
တင်ထဲအတူအိပ်ရမယ်။

စဥ်းစားနေတာကနေအတွေးတွေကိုရပ်တန့်ပြီးရေချိူး
လိုက်တော့၏။ရေချိူးခန်းထဲကထွက်လာတော့ဆရာ
ဟာ စာအုပ်တအုပ်ကိုဖတ်နေခဲ့သည်။ဆရာကအမြဲ
တမ်းစာဖတ်နေတော့တာပဲ။

ထို့နောက်သူ့ဘက်ကိုလှည့်ကြည့်လာသည်။

"kim..ဗိုက်ဆာလား..ဆရာဘာလုပ်ပေးရမလဲ"

"နေ..နေ..ကျွန်တော် ဗိုက်တွေတင်းနေလို့"

ဆရာသူ့ဆီကိုတဖြည်းဖြည်းလျှောက်လှမ်းလာသည်။
ခြေတံရှည်ရှည်တွေနဲ့ပွင့်ဟနေတဲ့ရင်ဘတ်တွေက
ဆရာ့ကိုပို၍ဆွဲဆောင်နေသယောင်။

သူ့မျက်နှာနားရှေ့ကိုတိုးလာခဲ့တော့ နောက်ဘက်ကို
တိုးမိသွားသည်။တဖြည်းဖြည်းတိုးရင်းတိုးရင်းနဲ့
ကုတင်ပေါ်ကိုလက်ထောက်လျက်သားကျသွားတော့
၏။

"ဆံပင်တွေရေခြောက်အောင်မသုတ်ဘူးပဲ"

သူ့ရဲ့ဆံပင်တွေကိုနူးညံ့စွာပွတ်သပ်ပြီးလေတိုးသံလေး
နဲ့အက်ရှစွာပြောသည်။
သူလည်းမျက်လုံးပြူးပြူးလေး​ဖြင့်ကြည့်နေခဲ့သည်။

Those ocean eyes🌊Where stories live. Discover now