Part 16

3.9K 493 56
                                    

Unicode

"အိမ်ရှေ့စံ .."

"ဘယ်လိုလဲ .. ရှာတွေ့ခဲ့လား"

"ကျွန်တော်တို့ ကမ်းရိုးတန်းတစ်လျှောက်ကို ခေါက်တုံ့ခေါက်ပြန် ကြည့်ပြီးပါပြီ .. ရှာလို့မတွေ့ပါဘူး"

"တောက် .. မင်းတို့သေချာမရှာကြဘူးလား"

"သေ .. သေချာရှာပါတယ် .. ကျွန်တော်မျိုးတို့ တစ်ရက်မပျက်နေ့တိုင်းရှာပါတယ်"

"ဒါဆို ဆက်ရှာ .. မတွေ့မချင်း .. !!"

အသက်ပြင်းပြင်းရှုနေမိတာမို့ သူ့ရင်အစုံက နိမ့်ချည်မြင့်ချည် ..။

ဒါက ဒေါသထွက်လို့ ဖြစ်နေတာမဟုတ်ပဲ စိုးရိမ်လို့ ပူပန်လို့ ကြောက်နေမိလို့ သူ ဒီလိုမျိုး ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတာ။

သူ နောက်ဆုံးမှတ်မိရသလောက် ကိုကို သူ့ကို ရုတ်တရပ်ကြီး ဆွဲဖက်ပြီး ပင်လယ်ထဲ ခုန်ဆင်းသွားတာပဲ ..။

သူ ပြန်နိုးလာချိန်မှာ ကျောက်ဆောင်တစ်ခုပေါ် ရောက်နေခဲ့ပြီး ခပ်လှမ်းလှမ်းကျောက်ဆောင်စွန်းမှာ ကိုကို့လည်တိုင်မှာချည်နေကြ ပဝါညိုလေးက ငြိတွယ်လို့ ..။

နောက်တော့ သူ့လူတွေရောက်လာပြီး သူ့ကို ကယ်ဆယ်သွားခဲ့ကြလို့ သူ အသက်ရှင်နေခဲ့တာ ..။

"ကိုကို .. ခင်ဗျား ဘယ်မှာလဲ"

အတွင်းအိတ်ထဲက တစ်ပိုင်းပြတ် ထိုပုဝါညိုအပိုင်းစလေးကို ဆုတ်ကိုင်ရင်း မချိတင်ကဲ ရေရွတ်လိုက်သည်။

ကိုကို သူ့အသက်ကို ကယ်ခဲ့သည်။ ပင်လယ်ထဲသာ ခုန်မချဖြစ်ခဲ့ရင် သူ သေချာပေါက် သင်္ဘောပေါ်မှာပဲ သေဆုံးဖို့များသည်။

ဘာလို့ဆို သူ ရေမကူးတတ်ပါ .. ဒါကြောင့် ထိုအခြေနေမျိုးမှာ ပင်လယ်ထဲ ခုန်ချဖို့ထက် ပြန်တိုက်ခိုက်ဖို့ကိုပဲ သူ ရွေးချယ်ခဲ့မှာ။

ပြီးတော့ မခုန်ချခင်မှာ ကိုကို့ကို သေနတ်မှန်သွားသေးတယ် မဟုတ်လား။

ဒဏ်ရာကြီးကြီးမားမားရခဲ့ရင်းနဲ့တောင် ခက်
ခက်ခဲခဲနှင့် သူ့ကို ကျောက်ကမ်းပါးထိ ဘာကြောင့် ပို့ပေးခဲ့ရတာလဲ ..။

COLORLANDWhere stories live. Discover now