ခင်ဗျား တကယ်ထူးဆန်းတဲ့လူပဲ ကိုကို!

899 82 35
                                    

"🎵ဆွမ်ပရာဘွန်×××တောင်ဆိုင်းမြို့လေး ရေးရေးမှုန်×××မြူနှင်းတွေဆိုင်း မှိုင်းညို့ထုံ××ရောက်ဖူးသူများ ခရီးဦးကြုံ×××မြို့လေးအနေအထားလှနေပုံ×××ချယ်ရီ၀တ်မှုံ၀န်းရုံ×××ဖြန့်လွှားထားသမို့×××မှန်းသာမျှော်ရုံ××စခန်းသာခေါ်ပုံ×××မြူဝေတောင်တန်းများက ၀ိုင်းရံကာထားတစ်ဖုံ×××မေခ၊မေလိခ××မြစ်နှစ်မြွှာ××ဒီမှာပဲ ဆုံ××××🎵"

(ဆွမ်ပရာဘွန်-နွဲ့ယဥ်ဝင်း)

"အငယ်မရေ ဟင်းအိုး ခဏကြည့်ပေးအုံး"

"ကြက်သားက တစ်ခါတည်း တုံးတစ်ထားလိုက်တော့မယ်"

"အေး"

မနက်မိုးလင်း အိပ်ရာနိုးကတည်းက မီးဖိုချောင်ထဲ ဆူညံပွက်လောရိုက်။ဂလုံ၊ဂလွမ် ဇွန်း၊ပန်းကန်ချသံတွေ ထောင်းဟယ်ထုဟယ်နဲ့ အန်တီနဲ့မေမေ့စကားပြောသံတွေ စတဲ့စတဲ့ စီစီညံညံ အသံတွေက ထယ်ယောင်း မနက်အိပ်ရာနိုးတိုင်း ကြားနေကျမို့ မထူးဆန်းတော့ပေမဲ့ ဒီကနေ့ မနက်တော့ ထူးဆန်းနေတာ တစ်ခုရှိပါတယ်။ရေဒီယိုဖွင့်တဲ့အသံနဲ့ ဘိုးဘိုးရဲ့ စကားသံပါ။ခါတိုင်း ဒီအချိန်ဆို အဘိုးတစ်ယောက် ရပ်ကွက်ထဲက မိတ်ဆွေတွေနဲ့ လမ်းလျှောက်ထွက် ဟိုဟိုဒီဒီ အရေးကိစ္စတွေ စနည်းနာနေကျ။

"ယသာနုဘာ၀တော.."

အိပ်ချင်မူးတူးနဲ့ အိပ်ရာပေါ်က မထသေးဘဲ ခဏတဖြုတ် ပျင်းကြောဆန့်နေတဲ့အချိန် ဘုရားခန်းထဲက ဘွားဘွားရဲ့ ဘုရား၀တ်တက်သံ ခပ်တိုးတိုးကို အားစိုက်ပြီး ထယ်ယောင်းနားထောင်ကြည့်တယ်။မေတ္တသုတ်တောင်ရွတ်နေပြီဆိုရင် ၆မတ်တင်းပဲ။ဘွားဘွားက အချိန်သိပ်တိကျတာ။အချိန်ဆွဲလို့ မဖြစ်တော့တဲ့နောက် မျက်လုံးကို ဖြဲရဲပွတ်ပြီး ထထိုင်လိုက်ရတယ်။ဒီကနေ့ ကျူရှင်မှာ ဘိုင်အိုဆရာ အသစ်၀င်မယ်ဆိုလား။ကိုလတ်ကပြောနေတာ။အရင်သင်တဲ့တီချယ်က လရင့်နေပြီမို့ မီးဖွားခွင့်ယူထားလို့တဲ့လေ။
အမလေးလေး... ဆရာအသစ်၀င်တဲ့နေ့မှ နောက်ကျနေရင် ထယ်ယောင်းတို့တော့ အစ်ကိုလတ်ရဲ့ အဆူအပူကို ကောင်းကောင်းကြီးခံရလိမ့်မယ်။မဖြစ်။မဖြစ်။အစ်ကိုလတ်ဆိုတာက ထယ်ယောင်းလက်ရှိတက်နေတဲ့ ကျူရှင်ရဲ့ ဘာသာရပ်ပြဆရာတစ်ယောက်ဖြစ်တဲ့အပြင် ဘော်ဒါအုပ်နဲ့ ကျူရှင်ကို စပ်တူပေါင်းဖွင့်တဲ့အထိ ဖက်လှဲတကင်းရင်းနှီးတာမို့ တစ်ခုခုဆို အစ်ကိုလတ်နားထဲ အရင်ပေါက်တာ။

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now