ကိုကိုဖြစ်နေလို့ကို ထယ်ယောင်းက သဘောကျပါတယ် (🚨16+)

787 67 78
                                    

Warning for Mature Scene🚨

"ထယ်ယောင်းလေး"

"ဗျာ"

"ကိုကိုလေ.......ကလေးလေးကို"

"ဟုတ်ကဲ့။ပြောလေ ကိုကိုရ ယောင်းကို ဘာဖြစ်တုန်း"

ဆေးခန်းရဲ့ လူနာခုတင်ပေါ် ခြေထောက်နှစ်ချောင်း တွဲလောင်းချ အေးအေးဆေးဆေး ထိုင်နေခဲ့တဲ့ ထယ်ယောင်းတစ်ယောက် လက်ထဲမှာလည်း Bioစာအုပ်ကြီး ကိုင်ထားပြီး စာလည်းမလုပ်ဖြစ်ပါဘူး။ခုတင်ကလေးကမှ ကိုကိုသင်ပေးခဲ့တဲ့ Reproductive Systemအကြောင်း တစိမ့်စိမ့်ပြန်တွေးပြီး ရင်ဘတ်ထဲက တဒုန်းဒုန်းခုန်လှုပ်နေတဲ့ ရဲဘော်နဲ့အပြိုင် ထယ်ယောင်း မျက်လုံးကလေးက ဟိုဒီရွေ့ပြီး ကဏှာမငြိမ်ဖြစ်နေခဲ့တာ။တွေးရင်းနဲ့ ထယ်ယောင်းက ဟိခနဲ တစ်ချက်ပြုံးမိသွားပြီး လက်သည်းရဲ့ ထောင့်စွန်းလေးကို တိခနဲ ကိုက်ချပစ်ပါတယ်။

"ချစ်စရာလေးကွာ ဘယ်လိုလေးတုန်း"

သွားတန်းကလေးတွေ ညီနေအောင် စိထားရင်း မျက်လုံးမှိတ်မတတ် ပြုံးနေခဲ့တဲ့ ထယ်ယောင်းကို ကြည့်လို့ ကိုကိုက အသည်းတယားယား၊အူတယားယားပုံစံနဲ့ နေရာက ထလာတယ်။

"ပြောစမ်း။ကိုကို့ကလေးက ဘာတွေတွေးပြီး သဘောကျနေသလဲ"

ကိုကို့လက်နှစ်ဖက်က ထယ်ယောင်း ထိုင်နေရာ ဘေးတစ်ဖက်တစ်ချက်မှာ ထောက်လာပြီး ကိုကိုက သူ့မျက်နှာကို ထယ်ယောင်းနဲ့ တစ်တန်းထဲ ဖြစ်အောင် ကိုယ်ကိုငုံ့ကိုင်းပစ်ပါသတဲ့။သွားကြားထဲကထွက်သာရုံ လေသံခပ်တိုးတိုးရယ် ကိုကို့မျက်လုံးအကြည့်ရယ်မှာ ထယ်ယောင်းပခုံးစွန်းကလေးတွေ အတွင်းဘက်ကို အလိုအလျောက် ကြုံ့၀င်ပါတယ်။ကိုကို့မျက်လုံးအိမ်ဟာ အနီးကပ်ကြည့်လေ ပိုပြီးနက်မှောင်နက်ရှိုင်းလေ ဖြစ်လှသလို နက်စွေးစွေး မျက်ဆံတွေဟာ မှော်ဂါထာနဲ့မန်းမှုတ် ဖန်ဆင်းအသက်သွင်းတဲ့ ပြန်လမ်းမဲ့ ချောက်နက်ကြီးလိုပါပဲ။ထယ်ယောင်းစိတ်အာရုံအလုံးစုံနဲ့ ရင်ခုန်သံ စည်းချက်တွေကို လွတ်လမ်းမပေး အရှိန်အဟုန်နဲ့ ဆွဲငင်ညှို့ခေါ်နေတော့တာ။

"ခေါင်းက ဘာလို့ငုံ့သွားတာလဲ။ကိုကို့မျက်နှာကို ကြည့်စမ်း"

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now