အတိတ်သို့ခြေရာကောက်သော်-အပိုင်း (ခ)

263 42 74
                                    


"ကျုပ်သားကို ကျုပ်လက်ထဲပြန်အပ်ပါ"

ငြိမ်သက်အေးဆေးနေတဲ့ဘ၀ထဲကို မုန်တိုင်းတစ်ခု အစပျိုး၀င်ရောက်လာခြင်းဟာ ဒီစာတစ်စောင်ကနေ စတယ်လို့ဆိုရမယ်။စာရပြီးပြီးခြင်းမှာပဲ ဘိုးဘိုးကြီးတစ်ယောက် မန္တလေးကို ဆင်းသွားရာကနေ အထက်ပိုင်းကိုပြန်တက်လာခဲ့တယ်။အကြောင်းကတော့ စာထဲမှာပါတဲ့ ခြိမ်းခြောက်စာကြောင့်ပါပဲ။ကလေးကို ပြန်မပေးရင် ဘိုးဘိုးကြီးရဲ့ မွေးစားသားဖြစ်တဲ့ ကျွန်တော့်ကို ပြန်ပေးဆွဲမယ်ဆိုတဲ့ ခြိမ်းခြောက်စာ။

"မင်း မန္တလေးကို လိုက်ခဲ့တော့။ဒီမှာဆို အန္တရာယ်များတယ်"

"ဘာလို့လဲ။ကျောင်းတက်တဲ့အချိန်မှ လာလို့မရဘူးလား"

"မင်းမသိပါဘူး။ဟိုကောင် ငါ့ဆီ ခြိမ်းခြောက်စာတွေ ပို့နေတာ ဒါပါနဲ့ဆို သုံးခါရှိပြီ။ခွေးသူတောင်းစား သူများသားသမီးကို ယူတုန်းကယူ၊ဖျက်ဆီးပြီး တာ၀န်မယူနိုင်ဘဲ ပစ်ထားခဲ့ပြီး အခုမှ ကလေးလာပေးဖို့ ခြိမ်းခြောက်နေတယ်။မပေးရင် မင်းကို သူတို့ ဓားပြအဖွဲ့ထဲ အပြီးခေါ်ထားမယ်တဲ့"

သဘောပေါက်လိုက်ပြီ။ဒီလိုဆို ဘိုးဘိုးကြီးဆိုလိုတာ ထယ်ယောင်းလေးရဲ့ အဖေဖြစ်သူမှန်း ကျွန်တော် တပ်အပ်သေချာ သိလိုက်ပါပြီ။မမယောကျ်ား ကိုကြီးတစ်ယောက် မော်စကို(အကျဥ်းထောင်)ကိုရောက်သွားရာက ထောင်ဖောက်ပြေးပြီး တောပုန်းဓားပြအဖွဲ့နဲ့ ပူးပေါင်းသွားပြီဆိုတဲ့ အကြောင်းဟာ ပါးစပ်ပြောစကားတွေကတစ်ဆင့် ဒီနယ်ကြောတစ်ဝိုက် ဟိုလေးတကျော်ကျော်ပျံ့ခဲ့ဖူးတယ်။

"အေး ဒီ့ကောင့်သွေးပါနေလို့ ဒီကလေးကို ငါမုန်းတာမှန်ပေမဲ့ ငါ့သမီးရဲ့ သွေးတစ်၀က်လည်း ပါတယ်။ဒီတော့ ဒီလိုကလေကချေ လက်ထဲ ငါ့သမီးသွေးတစ်၀က်ပါနေတဲ့ ကလေးကို မထည့်နိုင်ဘူး။ဒီကောင်ထောင်ပြေး ဝရမ်းအကပ်ခံထားရတာ။မြို့ထဲထိ မလာရဲတာ ငါသိတယ်။ဒီတော့ တောထဲသွားတတ်တဲ့ မင်းကိုပဲ ဖမ်းပြီး အကြပ်ကိုင်ချင်တာ။လောလောဆယ် မင်းကို အန္တရာယ်မပေးနိုင်အောင်တော့ မန္တလေးပို့မှ ဖြစ်မယ်။ဘယ်လိုပဲဖြစ်ဖြစ် မင်းက မင်းအနူးနဲ့ ယာထဲ လိုက်လိုက်သွားတတ်တာ ငါ စိတ်မချဘူး။"

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now