ဒီရင်ခွင်က ကျွန်တော့်အပိုင်

727 72 77
                                    

ဘော်ဒါအုပ်ရဲ့တစ်ချက်လွှတ်အမိန့်နဲ့ ထယ်ယောင်းတို့ ကျူရှင်က ကျောင်းသားတွေ အကုန်လုံး စာစုလုပ်ဖို့ သူ့အိမ်ကိုရောက်​နေကြပါတယ်။ခါတိုင်း အခုလို တနင်္ဂနွေညနေမျိုးမှာဆို Guideဆရာ၊ဆရာမတွေနဲ့ တစ်ပတ်လုံးလုံး သင်ခဲ့တဲ့စာတွေကို စုပေါင်းပြီး Revisionသဘောမျိုး စာပြန်နွှေးတတ်ကြပေမဲ့ အခုအပတ်ကစပြီး ဆရာ၊ဆရာမအငယ်လေးတွေက ကျောင်းတက်ဖို့ကိစ္စ စီစဥ်စရာတွေ ရှိနေတာကြောင့် မအားလပ်နိုင်တော့ပါဘူးတဲ့။မအားဆို ဇွန်လလယ်တောင် ရောက်နေပြီကိုး။တက္ကသိုလ်ကျောင်းတွေ ဖွင့်ကြပြီလေ။

"ဆရာကကွာ မနှိပ်ပါဘူး။အပုဒ် ငါးဆယ်လောက် ရှိပြီ ဆက်တိုက်တွက်နေရတာ။အခုထိလည်း မနားခိုင်းသေးဘူး"

"ကေး မင်းကမှ သင်္ချာပဲ တွက်ရတာ။ငါဆို Chemistryရော၊Physic Definitionတွေရော အလွတ်ရေးရဦးမှာ"

ပေးထားတဲ့ Grammarတွေနဲ့ Question,Answerတွေ ဖြေပြီး စာအုပ်သွားထပ်ထားတဲ့အချိန် ဘေးက ထယ်ယောင်းရဲ့ အတန်းဖော်သူငယ်ချင်း ငပျင်းနှစ်ကောင်ဆီက စကားသံတိုးတိုး,တိုးတိုးက ပွစိပွစိထွက်လာတယ်။ခမျာသားနှစ်ယောက်မှာလည်း သနားစရာ။အရင့်အရင် ဂိုက်အစ်ကိုတွေ၊အစ်မတွေ ရှိချိန်တုန်းက မလေးမစားလုပ် စာမကျက်၊ဘာမကျက်နဲ့ ရရင်ရသလို ခိုးအိပ်ပြီး ရေသာခိုခဲ့သမျှ အခုလို စစ်စစ်ပေါက်ပေါက်နဲ့ သေးသေးလေးမှ အမှားမခံတဲ့ ဆရာတိကျနဲ့တွေ့ပါမှ ခိုးအိပ်ဖို့နေနေသာသာ အာတစ်ချက်တောင် မသန်းရဲရှာဘူး။မိန်းကလေးအုပ်စုဆိုလည်း ထူးမခြားနား။လက်ပံဆက်ရက်ကျ၊ကုလားသိုက်ကျား၀င်ကိုက်သလို ပွစိပွစိလုပ် တစ်ချိန်လုံးတွတ်ထိုးနေကြတဲ့ အမျိုးသမီးများခမျာ အခုတော့ တစ်ယောက်နဲ့တစ်ယောက် မျက်စောင်းချီပြီးတောင် မျက်ရိပ်မျက်ခြည်ပြ စကားပြောဖို့ မအားကြရှာဘူး။အချိန်ကိုအတိအကျ Timingပေးပြီး ချရေးခိုင်းထားတဲ့ Bioအပုဒ်ရှည်တွေနဲ့ ခမျာတို့မှာ ယားလို့မကုတ်အား။

"မင်းကရော စာတွေအကုန်ပြီးပြီလား"

"ပြီးပြီ"

"သင်္ချာVectorအခန်းရော"

"တွက်ပြီးသွားပြီလေ စောနကတည်းက"

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now