ကိုကို့ကလေးအတွက် မွမွ

563 61 54
                                    

"ဟပ်ချိုး!!"

"နှာမွှန်နေတာလား ကိုကို"

"အင်း မနေ့က မိုးမိထားတာ ခေါင်းပြောင်အောင် မသုတ်မိလို့ ဖြစ်မယ် ဟပ်...ဟပ်ချိုး!"

"ရော် နှာအရမ်းချေတယ်ကော မဖြစ်သေးပါဘူး၊လာစမ်း ကိုကို၊ကိုကို့ နဖူးကို သားစမ်းဦးမယ်"

"ဘာတဲ့လဲ"

"ကိုယ်ပူနေတယ် ကိုကို၊နောက်ပြီး မျက်သားတွေလည်း အရောင်ပြောင်းနေတယ်။နောက်ပြီး ကိုကို့အသံ နှာသံပေါက်နေပြီ။မှန်မှန်လိမ် ကိုကို။ဖျားနေပြီ မဟုတ်လား။"

"အင်း အဖျားငွေ့ငွေ့ရှိတယ်။ကိုကို့ကို အပူချိန် တိုင်းပေးမလား"

"ဟုတ်ကဲ့"

"သွား အခန်းထဲက သာမိုမီတာသွားယူချေ"

ကျွန်တော့်အမိန့်ရတာနဲ့ အခန်းထဲ ဟပ်ထိုးရှပ်တိုက် ပြေး၀င်သွားတာလေးက တကယ့်ကို ချစ်စရာ။အနွေးထည် သိုးမွှေးခေါင်းစွပ် အပွကြီးထဲ ကိုယ်လုံးသေးသေးကလေးက မြုပ်နေအောင် လုံး၀င်နေသေးတော့ အနောက်ကကြည့်ရင် ဂွမ်းလုံးကြီး မြေပြင်ပေါ် လိမ့်နေသလို ခုန်ဆွခုန်ဆွ။

"ရပြီ ကိုကို။ခုံပေါ် ထိုင်ပေး"

တည်လက်စဟင်းအိုးကို မီးအေးအေးနဲ့ ဆက်တည်ထားတဲ့အချိန် လက်ထဲသာမိုမီတာချောင်းလေးကိုင်ပြီး ကျွန်တော်ရှေ့ ဆွတဆွတ သူပြန်ရောက်လာတယ်။လက်ထဲက ဇွန်းကို အသာဆွဲယူလို့ ထိုင်ခုံပေါ်ထိုင်ဖို့ ခေါ်နေတာ အလျှင်စလို။သဘောတော်ကျ ဆွဲယူခေါ်ရာနောက်က အသာမှိန်းလိုက်ပြီး ကျွန်တော်ထိုင်ချပေးမှ မကြည်မသာ မျက်နှာရှုံ့ကလေး နဂိုအနေအထား ပြန်ရောက်ပါတယ်။

"ကိုကိုရယ် သားကြောင့် သိလား။ဒီလောက်ကြီး စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်ပြီး ကိုကို့ကို မိုးရေတွေ စိုအောင်လုပ်ရတယ်လို့။"

"ကလေးလေးက ကိုကို့ကို စိတ်ပူတယ်ပေါ့"

"ပူရတာပေါ့"

သာမိုမီတာကို နားထဲထည့်ပြီး အပူချိန်တိုင်းနေတဲ့အချိန် ကျွန်တော့်နဖူးဆီ လက်ဖမိုးလေးကပ်ဟယ်ပြုဟယ် လာစမ်းနေရင်း မျက်လုံးလေးကလယ်ကလယ်နဲ့ ၀မ်းနည်းကြောင်း ပြနေတာပါ။မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကျွန်တော့်လက်ဖမိုးနှစ်ဘက်ကို တဖွဖွ လာဆုပ်နယ်နေတာတွေ့တော့ ဟိုးအတိတ် ငယ်ငယ်ဆီက ကျွန်တော့်ပေါက်စကလေးကို မှတ်ဉာဏ်အစိတ်အပိုင်းတွေဆီ ပြန်ခေါ်မိတော့တာပါပဲ။

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now