သံသရာအဆုံးထိ မခွဲတော့ဘူး ကိုကို🅕🅘🅝🅐🅛

545 51 144
                                    

"အဖြေကိုသေချာပြန်စစ်ပြီးပြီလား"

"သုံးခေါက်တောင် စစ်ထားတယ် ကိုကို"

"မလျှမ်းတာသေချာတယ်နော်"

"Sure!"

ဆောင်းနှောင်းလွန်ပြီး နွေပေါက်ခဲ့ပါပြီ။နွေဦးကာလ တပေါင်းလဟာ အများသိကြတဲ့အတိုင်း လွမ်းလို့ဆွေးလို့ ကောင်းတဲ့ရာသီအခါသမယပါပဲ။တပေါင်းလရဲ့အကြောင်းသရုပ်ကို ဖော်ထုတ်ရာမှာ ရှေးစာဆိုတွေက ကဗျာ၊စာပေ ပုံဟန်အမျိုးမျိုးနဲ့ စပ်ဆိုခဲ့ကြတာလည်း ရှိသပေါ့။ကဗျာတစ်ပုဒ်မှာ ပါတဲ့စာကြောင်းလေးတစ်ကြောင်း ထယ်ယောင်းမှတ်မိပါသေးတယ်။"ရသေ့သူတော်တိုင်မှ ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်"တဲ့။နွေဦးပေါက် တပေါင်းလရဲ့ ဆွေးမြေ့ဖွယ်အလှ၊လွမ်းဖောဖွယ် သရုပ်သကန်ရသကို ဖွဲ့ဆိုတဲ့နေရာမှာ ထိုသို့ထိုပုံ စာတင်ညွှန်းကြသဗျာ။သရဖီပန်းတွေက လှိုင်လှိုင်ပွင့်၊ဥသြသံ၊ချိုးကူသံက မြိုင်၊လက်ပံပွင့်​တွေက တဖွဲဖွဲ ခိုင်လုံးကြိုင်။နွေရဲ့သရုပ်သကန်ဟာ တွေးတတ်ဆွေးတတ် စာဖွဲ့တတ်သူတို့အတွက်တော့ တွေးလို့မကုန် ရေးလို့မဆုံးနိုင်တဲ့ ရသစာစဥ်ကျမ်းကြီးပါပဲ။

"​နွေအလှတွေရယ်×××ဖွဲ့ပြန်လည်းပဲ စာဆိုတို့ မိုင်ငေးရမှာ×××ဘယ်ဆေးရေးလို့ လိုက်မမီတယ်××ခြယ်သမကုန်နိုင်တယ်×××သြော် လွမ်းစရာ့နွေပါပဲလေ"

ဟော...ထယ်ယောင်းရဲ့ Mp4စက်ကလေးကနေ လွင့်လာတဲ့ ဗစ်တာခင်ညိုရဲ့ နွေသီချင်း။

"လွမ်းစရာ့ နွေပန်းချီကား×××တိမ်ညိုမိန်လာဆေးရေးခြယ်ထား×××တိမ်သားမီးခိုး လွင့်မျောမဆုံးနိုင်×××နွေရဲ့ကောင်းကင် ကြည်လင်စွာ လှပနေတယ်လေ"

"အ အား ကိုကိုရ နာတယ် နာတယ်"

တီးလုံးထဲ စျာန်၀င် အဆိုကျော်ကြီးရဲ့ ပါရမီပါလှတဲ့ အသံချိုချိုမှာ စီးမျောလိုက်ပါရင်း ထယ်ယောင်းကိုယ်လုံးကလေးဟာလည်း တောင်ယိမ်းမြောက်ယိမ်း၊လေနဲ့အတူ ယိမ်းချင်ရာယိမ်း။သီချင်းအလိုက်နဲ့ ဆွေးလို့ငေးလို့ကောင်းနေတဲ့အချိန် ညာနားရွက်က ပူထူတက်သွားတာကြောင့် ဆွေးလွင့်ပြီး မျောချင်ရာမျောနေတဲ့ ဝိညာဥ်စိတ်ကလေး ခန္ဓာအိမ်ဆီ ဘတ်ခနဲ ပြန်ကပ်ပါတယ်။

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now