ပေါက်ကရ 🅔🅧🅣🅡🅐(2)

531 46 104
                                    

"𝐒𝐮𝐛𝐣𝐞𝐜𝐭 နဲ့ 𝐏𝐫𝐞𝐝𝐢𝐜𝐚𝐭𝐞 အရင်ခွဲမယ်"

"ဘယ်ဟာက 𝐒𝐮𝐛𝐣𝐞𝐜𝐭လဲ"

"Girl whose hair is in curly"

"okay။ဒါဆို 𝐏𝐫𝐞𝐝𝐢𝐜𝐚𝐭𝐞က"

" is standing next to the window"

"မှန်တယ်။ဆိုတော့ နောက်တစ်ကြောင်း သွားရအောင်။အိုခေ 𝐌𝐚𝐢𝐧 𝐂𝐥𝐚𝐮𝐬𝐞နဲ့ 𝐒𝐮𝐛𝐨𝐝𝐢𝐧𝐚𝐭𝐞 𝐂𝐥𝐚𝐮𝐬𝐞 သီးသန့်အရင်ခွဲမယ်"

"In case of being scolded by supervisor,he always is punctual. ကဲ clauseနှစ်ခုကို အရင်ခွဲ"

"မခွဲတတ်ဘူး"

"ရော် ငါခေါက်ပစ်တော့မယ်။ဒီလောက်လွယ်လွယ်လေး ပေးထားတဲ့ဟာကိုမှ မခွဲတတ်ရင် မဖြေနဲ့တော့မင်း။စာမေးပွဲမဖြေဘဲ ခွက်ဆွဲတောင်းစား"

"နားညည်းတယ် ဦးငယ်ရာ ပွစိပွစိနဲ့ အာရုံကိုမရဘူး"

"အာရုံမရ,ရအောင် စာသင်နေတာလေ။မင်းအာရုံက စာထဲ ရှိရမှာ ဘယ်သဝေထိုးနေလို့ အာရုံက မရ,ရတာလဲ"

"သူငယ်ချင်းနဲ့ chatနေတာ မြင်လား ဒီမှာ။ဦးငယ် အဲဒီမှာ ပွစိပွစိလုပ်ပြီး ဘေးက စာလာပြနေလို့ ကျွန်တော့်အာရုံတွေ မရနေတာ။ပျက်ကုန်တာ"

"သြ ဒါစာသင်ချိန်လေ။မင်း သူငယ်ချင်းနဲ့ chatရမဲ့ အချိန်လား ဟမ်။ငပြူးကပြဲ၊သူခိုးက လူပြန်ဟစ် ဟမ် ဒင်းကပဲ ပြောရတယ်ရှိသေး။မင်းဘာသာ chatချင် စာသင်ပြီးတဲ့အချိန်မှ chatလေ။အခုဟာက စာသင်ချိန်! မင်းလေလွင့်အားယားပြီး သူငယ်ချင်းနဲ့ chatရလောက်အောင် အပိုပေးထားတဲ့ စပယ်ယာချိန်မဟုတ်ဘူး။ငါရိုက်စုတ်ရင် သေအုံးမယ်။ပေးစမ်း အဲဒီဖုန်း ဒီကို။အကျင့်ကို တအားပျက်တာနော် မင်း"

"ကျွတ် ဦးငယ်ရာ တအားဖောင်းတာပဲ။"

"ဖောင်းတာတွေ၊ပွတာ၊ပိန်တာတွေ ငါမသိဘူး။ငါ့စာသင်ချိန်ကို အလေးမထား၊လုပ်ချင်ရာလုပ်နေရင် ငါကတော့ တွယ်မှာပဲ၊အုပ်မှာပဲ"

"ဦးငယ်ရာ ဦးငယ်သင်တဲ့ကျူရှင်၀ိုင်းမှာလည်း ကျွန်တော်တက်ရတယ်။အခုအားတဲ့အချိန်လည်း သပ်သပ်,ထပ်သင်တယ်။ကျွန်တော့်မှာ နားချိန်ရော ရှိသေးလို့လား။ကျေးဇူးပြုပြီး ဒီအချိန်လေးတော့ နားပါရစေ"

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now