မခွဲချင်ဘူး ကိုကို

348 52 97
                                    

ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့တဲ့ ဧည့်ခန်းရဲ့လေထုမှာ မေမေဆွဲခေါ်ရာနောက် ပါလာခဲ့ရတဲ့ ထယ်ယောင်းတစ်ယောက် ဖြစ်ပျက်နေသမျှကို ဒီအတိုင်း ရပ်ကြည့်နေခဲ့ရတာ ဆယ်မိနစ်လောက်တော့ ရှိပြီ။ဘွားဘွားက ရှုဆေးဘူးကို အသံမြည်အောင် ခလောက်ပြီး စိတ်ပုတီးကြီး လက်ကောက်၀တ်မှာချိတ် ငြိမ်နေခဲ့သလို ဘိုးဘိုးကိုတော့ ဆေးပုလင်းချိတ်ပေးရအောင်ဆိုပြီး အခန်းထဲ တွဲခေါ်သွားကြတာမို့ တီလေးနဲ့ဖေကြီးက အခန်းထဲ ၀င်လိုက်ထွက်လိုက်နဲ့ အလုပ်များနေကြပါတယ်။တအောင့်လောက်ကြာတဲ့နောက်မှာတော့ အခန်းထဲကနေပြီး ကိုကိုထွက်လာတာကို ထယ်ယောင်း လှစ်ခနဲ မြင်လိုက်ရတယ်။

"ဘိုးဘိုးက ဘာဖြစ်တာလဲ ကိုကို။အဆင်ပြေရဲ့လား"

"Pressureကျပြီး မူးတာပါ။ချိုငံပုလင်းသွင်းပေးထားတယ်၊ဆေးလည်း ပေးထားပြီမို့ စိတ်ပူစရာ မရှိတော့ပါဘူး"

ကိုကိုက ထယ်ယောင်းခေါင်းကို အသာဖွရင်း စိတ်မပူဖို့ ဆိုပေမဲ့ ကိုကို့ဆီ လှမ်းကြည့်တဲ့ မေမေ့အကြည့်ရဲရဲကြောင့် ထယ်ယောင်းကိုယ်လေး ကိုကို့နား ပိုတိုးကပ်သွားရတယ်။ဘာတွေဖြစ်နေသလဲဆိုတာ လုံးစေ့ပတ်စေ့ မသိရသေးတဲ့အပြင် ထယ်ယောင်းတို့ရောက်လာကတည်းက ဘိုးဘိုး မူးလဲသွားတယ်ဆိုတဲ့ကိစ္စကြောင့် ကိုကိုလည်း ဘိုးဘိုးကို ဆေးသွင်းပေးရင်း၊တစ်အိမ်သားလုံးလည်း ဘိုးဘိုးဘက် အာရုံစိုက်နေရင်း အလုပ်ရှုပ်နေခဲ့ကြတာ။

"လာခဲ့စမ်း ဒီကို။ထိုင် အဲဒီမှာ"

ရုတ်ခြည်း ထယ်ယောင်းလက်ကို ဆွဲယူပြီး မေမေက ဘွားဘွားဘေးက ဆက်တီမှာ ထိုင်ခိုင်းတာကြောင့် ထယ်ယောင်းမှာ ကြောင်ကြောင်အအနဲ့ ထိုင်ချလိုက်ရတယ်။ကျန်တဲ့အိမ်သားတွေရဲ့ မျက်နှာက အပူသောကကြောင့် သိသိသာသာ ညှိုးနေကြပေမဲ့ မေမေ့မျက်နှာကတော့ အတော်ကလေးကို တင်းမာ မာထန်နေခဲ့တာပါ။နောက်ပြီး စားပွဲပေါ်က စာချုပ်တစ်ခုရယ်၊အိမ်ကို ဒီကနေ့မှ ထူးထူးခြားခြား အလည်မလာစဖူး အလည်ရောက်လာတဲ့ ကိုကို့ဖိုးဖိုးကြီးရယ်၊ဘေးမှာပါလာတဲ့ ရှေ့နေဖြစ်ဟန်တူသူ လူတစ်ယောက်ရယ်။နောက်ပြီး ဖိုးဖိုးကြီးနဲ့ကိုကို့ကို တစ်လှည့်စီ မီးတောက်မတတ် ကြည့်နေခဲ့တဲ့ မေမေ့အကြည့်တွေရယ်။

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now