Nang nga yang rai sai

511 57 109
                                    

"ကဲကဲ အခုလို လူကြီးမိဘကို သိတတ်တဲ့ ကလေးတွေ ဘုန်းကြီးလို့အသက်ရှည်ပါစေ အနာရောဂါမဲ့ပြီး ကြံတိုင်းအောင်ဆောင်တိုင်းမြောက် သွားလေရာလာလေရာ ဘေးဘယာကင်းပြီး လူချစ်၊လူခင်များကြပါစေကွယ်"

"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ!"

"ဘိုးနဲ့ဘွား၊ဖေကြီး၊မေ့ ဟဲဟဲ တီလေး မုန့်ဖိုး"

"ထွယ်အောင့်ကိုရော မုန့်ဖိုး"

ကိုကိုကိုယ်တိုင် ဦးဆောင်၀ယ်ခြမ်းပြီး ကိုကို့ပိုက်ဆံအများဆုံးပါတဲ့ ဒီကန်တော့ပစ္စည်းတွေထဲမှာ ထယ်ယောင်းကတော့ ဘီစကစ်ကြက်သားမုန့်တစ်ထုပ်ရယ်၊အမွှေးခဲ တစ်ခဲ၊နှစ်ခဲရယ်၊ဟောလစ်အသေးလေး တစ်ပုလင်းရယ်ကလွဲရင် ကျန်တာဘာမှများများစားစား မထည့်နိုင်ခဲ့ပါဘူး။မထည့်နိုင်ဆို ထယ်ယောင်းရတဲ့ ကျောင်းမုန့်ဖိုးကိုပဲ ကြည့်လေ။တစ်ရက် တစ်ထောင်ပဲ ရှိတဲ့ဟာ။ဒါတောင် တစ်လလုံးလုံးမှာ ကျောင်းဖွင့်တဲ့ ရက်နှစ်ဆယ်စာအတွင်း မစားမသောက် စုထားပြီး ရလာတဲ့ နှစ်သောင်းနဲ့ မနည်းရယ်။ဒီတော့ တစ်လလုံးလုံး ခြွေတာခဲ့ရတာနဲ့ ကာမိအောင် မုန့်ဖိုးလေးတော့ ပြန်တောင်းဖို့လိုတာပေါ့။

"ကဲပါဗျာ ရော့ပါ။လိုအပ်တဲ့နေရာတွေမှာသုံး"

"ဟီး တီလေးတို့ကရော"

ဖိုးနဲ့ဖွားက တစ်ယောက်ကိုတစ်သောင်းစီ မုန့်ဖိုးပေးပေမဲ့ တီလေးနဲ့မိဘနှစ်ပါးကတော့ တစ်ယောက်မှ မလှုပ်လာတာမို့ ထယ်ယောင်းလောဆော်ရပါပြီ။ဘေးက အရှုပ်ထုတ်ကလည်း ထယ်ယောင်းနည်းတူပါပဲ။လက်ကလေး တဖြန့်ဖြန့်။ဒီဟာလေး လူကြီးတွေကို လက်အုပ်တစ်ချက်ချီပြီးသာ မကန်တော့တာ။သီတင်းကျွတ်ရောက်ပြီဆိုတာနဲ့ ၀တ္တရားမပျက် မုန့်ဖိုးလာတောင်းနေကျ။

"ဟယ် ဒီလောက်ကြီး နေ့စဥ်ဝတ္တရားမပျက် ကျွေးမွေးနေရတာ။နေ့လယ်ခင်းလေးတင်ကမှ စားထားတဲ့ ရှင်လေးတို့ ဗိုက်ထဲက ထမင်းတွေ၊မုန့်တွေက ဘာတွေလဲ။အလကားရတဲ့ ဟာတွေလား။မပေးနိုင်ပါဘူးတော်"

တီလေးတစ်ယောက်တော့ မုန့်ဖိုးလို့ဆိုလိုက်ကာရှိသေး ထုံးစံအတိုင်း မျက်စောင်းကြီးတစ်ချက်ချီပြီး ပွစိပွစိပြောရင်း နေရာက ကော့ဆတ်​ကော့ဆတ် ထသွားတယ်။မီးဖိုခန်းထဲ ရောက်တဲ့အထိ ပွစိပွစိ ရွတ်နေတုန်း။အိမ့်ရဲ့၀င်ငွေကို နိုင်သလောက်ထမ်းပေမဲ့ ကျောင်းဆရာမလခက ဘယ်လောက်မှ ရတာမဟုတ်ဘူးရယ်လို့ မကြာခဏ ညည်းတွားတတ်တဲ့ တီလေး။မုန့်ဖိုးတောင်းတဲ့ အချိန်ဆိုရင်တော့ ဒီတရားကို မရိုးနိုင်တဲ့ အက်ကြောင်းထပ် ဖန်တရာတေဓာတ်ပြားတစ်ချပ်လို ဖွင့်ပြနေကျ။ဒီကနေ့တော့ ကိုကိုရှိနေလို့ ထင်ပါရဲ့။လိုတိုရှင်းပဲ ပြောပြီး ပြီးသွားတာ နည်းတယ်လို့တောင် ဆိုရဦးမယ်။ဟွန့် အပျိုကြီး ကပ်စေးကုပ်။ဒါ့ကြောင့်လည်း ဘယ်ယောကျ်ားမှ သူ့မလိုချင်တာ။သဘောကောင်းလွန်းပါတယ်ဆိုတဲ့ လမ်းထိပ်က ဦးလေးကြီးဦးထွန်းကြည်ဆို တီလေးရဲ့ လက်ပေါက်ကပ် ဇီဇာကြောင်တဲ့ဒဏ်ကို မခံနိုင်လွန်းလို့ နောက်ဆုံး မိန်းကလေး ငယ်ငယ်လေးနောက် ပါသွားတာ။

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now