ပေါက်ကရ 🅔🅧🅣🅡🅐😁

505 50 127
                                    

"ရင်ခုန်သံ မင်းနားကြပ်လေးနဲ့ နားထောင်ပါအုံး×××ဆေးကျောင်းက မောင့်ရဲ့အချစ်ရယ် ××မောင့်လာကုပေး"

Patient's particulars (လူနာ့မှတ်တမ်း အချက်အလက်များ)နဲ့ဓာတ်မှန်ကို ပြန်တိုက်ကြည့်နေရင်း ဆေးခန်းအပြင်ဘက်ဆီက တဒေါင်ဒေါင်၊တဂွမ်ဂွမ်ကြားရတဲ့ ဂစ်တာသံကြောင့် ထယ်ယောင်းမျက်မှောင်တွေ အဆုံးအစမဲ့ တွန့်ကုပ်သွားရတယ်။ဘယ်နှနာရီရှိနေပါလိမ့်။နာရီကြည့်တော့ ၈ခွဲ။ဒီလိုဆို ဒီအဖွဲ့ ဒီဆေးခန်းရှေ့လာထိုင်ပြီး အခုလို တဒေါင်ဒေါင် တဒင်ဒင်တီးနေတာ နှစ်နာရီမကတော့ ရှိနေပြီပဲ။

"ဆရာမ လူနာဘယ်နှယောက် ကျန်သေးသလဲဗျ"

"သုံးယောက်ပါ ဆရာ"

"နောက်တစ်ယောက်ခေါ်လိုက်ပါ"

မှတ်တမ်းကိုအမြန်စစ်၊လိုအပ်တဲ့အချက်အလက်တွေသွင်း၊ပါမောက္ခကြီးဆီလွှဲစာရေးပြီးတာနဲ့ ကျန်နေသေးတဲ့ လူနာတွေကို တိုကင်နံပါတ်အလိုက် ပြန်ခေါ်ရတယ်။

"ဆရာရယ် တုပ်ကွေးဆိုတာ သေချာရဲ့လား"

"သေချာပါတယ် ကြီးကြီးရ။ကြီးကြီးအခု ချောင်းဆိုးတယ်၊နှာစေးတယ်၊ကိုယ်တွေလက်တွေ ကိုက်တယ်၊ခဲတယ်၊၀မ်းသွားနည်းတယ်၊၀မ်းပျက် ဖြစ်တယ် ဟုတ်"

"အဲဒါတော့ ဟုတ်ပေမဲ့ လမ်းထိပ်မှာရှိတဲ့ ဆရာ၀န်လေး...အဲ စိတ်တော့မရှိနဲ့နော် ဆရာ။ဆရာ့အရင်လေ ဒေါက်တာလေးတစ်ယောက်နဲ့ ပြခဲ့ဖူးသေးတယ်။အဲဒါလေ ဒေါက်တာက တိုက်ဖိုက်(အူရောင်ငန်းဖျား)လည်း ဖြစ်နိုင်တယ်၊ငှက်ဖျားလည်း ဖြစ်နိုင်တယ်ဆိုပြီး ဆေးတွေစုပြုံပြီး ပေးလိုက်တာပဲ ဆရာရေ။ကျွန်မလည်း ဆေးတွေအများကြီးသောက်ပြီး ဆေးရဲ့side effectပိ၊ဆေးဒဏ်မခံနိုင်တော့တာနဲ့ ဆရာ့ဆေးခန်း ပြောင်းပြဖြစ်ခဲ့တာပါ"

"ဟောဗျာ"

လူနာပြောလာတဲ့ စကားကို နားထောင်ပြီး ထယ်ယောင်းမှာ ပါးစပ်ကြီးအဟောင်းသား။စင်စစ်တော့လည်း ချောင်းဆိုး၊ဝမ်းပျက်စတဲ့ လက္ခဏာရပ်တွေဟာ တိုက်ဖိုက်နဲ့ ခပ်ဆင်ဆင်ပါ။ဒီကြားထဲ လူနာအန်တီကြီးက ကိုယ်လက်ကိုက်ခဲ ချမ်းတုန်ဖျားတယ်ဆိုပြီး ဆိုလာတော့ ငှက်ဖျားအတွက်ပါ ဆရာ၀န်က ထည့်တွေးပြီး ဆေးပေးလိုက်ပုံရပါတယ်။ကြည့်ရသလောက်တော့ အတော်လေးကို အစိုးရိမ်ကြီးတတ်တဲ့ ဆရာ၀န်ဖြစ်ပုံရပါရဲ့။

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now