𝑷𝒉𝒂𝒏𝒕𝒐𝒎 𝒐𝒇 𝑫𝒆𝒍𝒊𝒈𝒉𝒕

735 78 91
                                    

"Newton's law of universal gravitation states that the gravitational forces of attraction between any two masses directly propotional...directly propotional ၀ါး"

ဒီကနေ့ စနေနေ့ ကျောင်းပိတ်ရက်။ကျူရှင်မှာလည်း မနက်ပိုင်း အတန်းချိန်သုံးချိန်ရယ်၊ညနေပိုင်း အတန်းချိန် သုံးချိန်ရယ်သာ ရှိတာကြောင့် ထယ်ယောင်းတစ်ယောက် အိမ်မှာ အားလပ်ချိန် ရနေပါတယ်။ခါတိုင်း ဒီလိုအားတဲ့အချိန်ဆို ထယ်ယောင်းတို့ ခုတင်ပေါ်မှာ စောင်ခြုံကွေးနေကျ။အခုလို နေကမပွင့်တပွင့် မိုးလေးက ခပ်အုံ့အုံ့ ဆွေးဆွေးအေးအေး ရာသီဥတုမျိုးဆို ထယ်ယောင်းတို့အတွက် ကွေးလို့ လွှတ်ကောင်းတဲ့အချိန်ပေါ့။ဒါပေမဲ့ သနားစရာ ထယ်ယောင်းလေးခမျာ ကွေးဖို့နေနေသာသာ မနက်ကျူရှင် ပြန်လာကတည်းက အခုချိန်ထိ အခန်းထဲကို မ၀င်ရသေးပါဘူး။ဆရာကိုတိကျ ကျက်ခိုင်းတဲ့ Physic definitionတွေ ထိုင်ကျက်နေရတယ်လေ။ဒီကြားထဲ မေမေနဲ့တီလေးက ဈေးသွားတော့ အိမ်ရှေ့မှာ လူမရှိလို့ပါတဲ့။အိမ်ရှေ့ သမံတလင်းမှာ ဖျာတစ်ချပ်ချ စာကျက်ရင်းနဲ့ အိမ်စောင့်နေရတယ်။စောင့်ဆို ထယ်ယောင်းတို့ နယ်မြို့ကလေးမှာက အိမ်ခြံတွေ၊ဝန်းတွေဆိုတာက အကျယ်ကြီးတွေ။မြို့လည်ကောင်နဲ့စာရင် ရပ်ကွက်ထဲက အိမ်ခြေအတော်များများက မျက်နှာစာတင် ပေလေး၊ငါးခြောက်ဆယ်မက ရှိတတ်ကြတာဆိုတော့ အိမ်ရှေ့မှာဧည့်သည်လာရင် တော်ရုံမကြားတတ်ကြဘူး။ခြံတံခါးကလည်း သော့ခတ်ထားတတ်ကြတာမို့ မေမေနဲ့တီလေး ဈေးကပြန်လာရင် အဆင်သင့် ပြေးဖွင့်ပေးလို့ရအောင်ဆိုပြီး ထယ်ယောင်းက တိုက်ပုလေးရဲ့အိမ်ရှေ့ကွက်လပ်က သမံတလင်းမှာ ထိုင်နေတာပါ။

"ဟဲ့ ကြက် ရှူး ရှူး!အမလေး ကုန်ပါပြီ"

အငေးကောင်း၊အတွေးကောင်း စာလည်းရတစ်၀က် မရတစ်၀က်နဲ့ ခြံအပြင်ငေးနေတဲ့အချိန် ကြက်သားအုပ်မကြီးနဲ့ အကောင်ပေါက်တစ်အုပ် ဘယ်အချိန်က ခြံထဲ၀င်လာကြတယ်မသိ။မေမေစိုက်ထားတဲ့ နှင်းဆီခင်းဘက်က မြေတွေ ယက်ဖွပြီး အစာရှာကုန်ကြပြီ။အမြဲ ဒီကြက်တွေ အစာရှာရင်လည်း လွတ်လွတ်ကင်းကင်းနေရာမှာ မရှာဘူး။ဟိုနေရာ ထိုးဖွ ဒီနေရာထိုးဖွ မြေအိတ်တွေလည်း ပွစာကြဲ။နှင်းဆီက အဖူးကလေးတောင် မလိုက်သေးဘူး။သင်းတို့နှုတ်သီးနဲ့ ဆိတ်ဆွလို့ အပင်က သေပေါင်းများပြီ။အပင်သေတာက သိပ်တော့လည်း အရေးမကြီးပါဘူး။အပင်သေလို့ နောက်ဆက်တွဲရလာမဲ့ မေမေ့ရဲ့ ပွစိပွစိ တရားဟောသံကသာ ကိစ္စရှိတာ။

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now