မေးစရာရှိလို့ လာပါတယ်

422 55 52
                                    

"ကိုကို့ကလေးလေး မောနင်း"

မနက်အိပ်ရာထစ၊နေ့သစ်တစ်ခုရဲ့ ရောင်နီဦး အစပြုစအချိန်မှာ မျက်စိနှစ်လုံး ဦးဆုံးဖွင့်လိုက်တာနဲ့ ချစ်ရသူကို ကိုယ့်မျက်စိရှေ့ မြင်ရခြင်းဟာ ကောင်းချီးမင်္ဂလာတစ်ပါးပါပဲ။ရင်ခွင်ထဲ လုံး၀င် ခွေကွေးနေတဲ့ ခွေးပေါက်ကလေးရဲ့ ကောက်ဖွာဖွာ ဆံလုံးကလေးတွေထဲ ကျွန်တော့်နှာဖျား နစ်၀င်တိုးတိုက်တဲ့အထိ ကျွန်တော် ရှိုက်နမ်းပစ်လိုက်တယ်။ကျွန်တော့်ခါးဆီ ဖက်တွယ်ပွေ့ပိုက်ထားတဲ့ လက်ချောင်းကလေးတွေ လှုပ်ရှားယိမ်းခတ်လာပြီ၊မျက်တောင်ကလေးတွေ တဖြတ်ဖြတ်ခတ်ရင်း သူမော့ကြည့်လာပြီဆို ကျွန်တော့်ရဲ့ မနက်ခင်း အနမ်းဦးလေး သူ့ကို လက်ဆောင်ပေးဖို့ အဆင်သင့်။

"အွန့်"

ကျွန်တော့်ကလေးက Morning Personပါ။အိပ်ရာနှိုးဖို့ အသည်းအသန် အားမထုတ်ရဘူး။အခုလည်း ကျွန်တော့် အနမ်းတစ်ရှိုက်ရယ်၊တီးတိုးစကားသံမှာရယ်တင် သူကလေး ဆီက ခေါ်သံတိုးတိုး ကြားရပါပြီ။ထုံးစံအတိုင်း ကျွန်တော့်ကလေးရဲ့အကျင့်ကို ကျွန်တော်သိနေတာမို့ နဖူးပြင်ကို ဖြတ်ခနဲ နမ်းပြီးတာနဲ့ ခုတင်ပေါ်က ပေါ့ပေါ့ပါးပါး ခြေဖွဆင်းခဲ့လိုက်မိတယ်။တွန့်ခနဲ လွန့်လူးလှုပ်ရှားသွားပြီး မျက်ခွံကို မဖွင့်သေးပါဘဲ လက်ကဟိုစမ်းဒီစမ်း တစမ်းစမ်းလုပ်နေချိန် ဘာကိုမှမစမ်းမိတော့ နှုတ်ခမ်းကြီးစူပြီး ငုတ်တုတ်ထထိုင်လေရဲ့။

"ဘယ်သူ့ရှာနေတာလဲ"

"ကိုကို့ကိုလေ"

"ဘာလို့"

"သူပဲ သူများနားနားကပ်လာနှိုးပြီး။"

"နားနားကပ်မနှိုးလို့ အော်နှိုးရမှာလား ကလေးရဲ့"

အခင်းတွေ၊စောင်တွေခေါက်နေရင်းက ငုံးစုံပစ်ကလေး ရန်ထောင်နေတဲ့ အသက်ကလေး ကျွန်တော့်သည်းညှာကို စနောက်နေခြင်းပါ။မနေ့ညကမှ ချစ်ပါတယ်ဆိုတဲ့စကားကို ထပ်တလဲလဲ ရွတ်ဆိုပြီး လူကြီးလေးလို ၀န်ခံထားတဲ့ ကောင်ကလေးက အခုကျ စူပုတ်သုန်မှုန်လို့ ကလေးကြီးပြန်ဖြစ်သွားပြန်ပြီ ကြည့်။

"မကျေနပ်ဘူး။ကိုကို သားအနားလာခဲ့"

"ဘာလို့ လာရမှာတုန်း"

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now