ကိုကို့ ပါရမီဖြည့်ဖက်

416 53 57
                                    

"A humanist is someone who does the right thing even though she knows that no one is watching."

ကိုကို့အင်္ကျီတီရှပ်မှာ စာလုံးစောင်းကလေးတွေနဲ့ ရိုက်နှိပ်ထားတဲ့ စာတမ်းကိုကြည့်ပြီး ထယ်ယောင်းအသံထွက် ရေရွတ်ကြည့်တယ်။ကိုကိုက စတီယာရင်ပေါ် လက်တစ်ဖက်တင်ပြီး ကားရှေ့တည့်တည့်က မြင်ကွင်းကို ကြည့်နေရာက ထယ်ယောင်း ခေါင်းကို တစ်ချက်လာပုတ်တယ်။

"ရေချမ်းစင် စာသင်၀ိုင်းအကြောင်းကြားဖူးလား"

ကိုကိုက ပေါ့ပေါ့ပါးပါး မေးတယ်။ထယ်ယောင်း ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး

"ရန်ကုန်မှာ ရှိတယ်လို့တော့ ကြားဖူးတယ်။ဒီအတိုင်း အိမ့်စီးပွားရေးအခြေအနေကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးတွေ၊ကျောင်းစာသင်ဖို့ အခြေအနေမပေးတဲ့ ကလေးတွေကို ပရဟိတစေတနာ့ရှင်အဖွဲ့တွေက စာခေါ်သင်ပေးတာ ဟုတ်တယ်မလား"

"အင်း ဟုတ်တယ်။ပရဟိတအဖွဲ့တွေက များသောအားဖြင့် ကိုကိုတို့လို လူငယ်အရွယ်လေးတွေပါပဲ။အဓိက ရည်ရွယ်ချက်ကတော့ စာသင်ချင်ရက်နဲ့ စာမသင်နိုင်တဲ့ကလေးတွေ၊စာသင်ရမဲ့အရွယ်မှာ အိမ့်စီးပွားရေးအတွက်နဲ့ တစ်ဖက်တစ်လမ်းကနေ လမ်းပေါ်ထွက်ပိုက်ဆံရှာနေရတဲ့ ကလေးတွေအတွက်ပေါ့။သူတို့လေးတွေအတွက် ရည်ရွယ်ပြီး ဒီလိုစာသင်၀ိုင်းတွေ ပေါ်ပေါက်လာတာ"

ကိုကိုက ရှင်းပြရင်း မျက်ခုံးတစ်ချက်ကုတ်တယ်။အန်တီမြရဲ့ ကားထဲမှာ နောက်ကြည့်စီစီတီဗွီတစ်ခု ပါတာမို့ စီစီတီဗွီကတစ်ဆင့် အနောက်မှာ ကားပါလာမလာ ကြည့်ပြီးတာနဲ့ လမ်းချိုးတစ်ခုကို ကွေ့ဖို့ပြင်တယ်။

"စစချင်းတုန်းက လမ်းဘေးပလပ်ဖောင်း စာသင်၀ိုင်းလေးတွေက စတာဆို"

"အင်း ဟုတ်တယ်။အစပထမတော့ စာသင်ချင်တဲ့ ကလေးလေးတွေကို လိုက်စုပြီး ညနေအားတဲ့အချိန်၊ညအားတဲ့အချိန်တွေမှာ သင်ပေးကြတာပေါ့ကွာ။နောက်တဖြည်းဖြည်း လူသိလာပြီး အလှူရှင်တွေ ပေါ်လာတဲ့အချိန်မှ နေရာငှားပြီး သီးသန့်သင်ကြတာ။ဒါပေမဲ့ တစ်ချို့နေရာတွေမှာတော့ လိုအပ်နေတာလေးတွေ ရှိနေသေးတယ်"

"ကိုကိုရော အဲဒီပရဟိတအဖွဲ့တွေထဲ ပါဖူးသေးတာလား"

"တစ်နှစ်လောက်တော့ ပါဖူးသေးတယ်။ဒါပေမဲ့ နောက်ပိုင်းဆေးစာတွေက များလာတော့ ကူချင်ပေမဲ့ မကူပေးနိုင်တော့တာ။စောနက ထယ်ယောင်းလေး ဖတ်လိုက်တဲ့ စာတမ်းကလည်း အဲဒီအဖွဲ့တွေထဲက တစ်ယောက်ရေးတင်ထားတဲ့ စာကြောင်းကိုသဘောကျလို့ ဆိုင်မှာပရင့်ထုတ်ပြီး ရိုက်ခိုင်းထားတာ"

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now