မမနဲ့ခင်ဗျားကို ကျွန်တော် သဘောမတူဘူး ကိုကို!

739 70 86
                                    

"မင်းတို့ သားအမိတွေကို ငဲ့နေလို့ ဒီလိုချောင်ကျပြီး တောမဟုတ် မြို့မဟုတ်နေရာမှာ လာနေနေတာ သဘောပေါက်။အေး မဟုတ်ရင် ငါ့ဘာသာ မြို့တက်ကုန်ကားမောင်းပြီး မင်းတို့သားအမိ သုံးယောက်စာလောက်ကတော့ ကောင်းကောင်းရှာကျွေးနိုင်တယ်"

"တော်ပါရှင်။ဟိုယောင်ယောင် ဒီယောင်ယောင် စက်ပဲပြင်တော့မလိုလို၊ပွဲစားပဲ လုပ်တော့မလိုလို ပြီးရင် တစ်ခုမှလည်း ဖြစ်မြောက်တာမရှိဘဲ ငဲ့နေလို့ဆိုတဲ့စကားကို မသုံးစမ်းပါနဲ့။နားကြားပြင်းကပ်လွန်းလို့။အလကား ယောကျ်ားဖျင်း၊လူပျော့၊လူညံ့။အဖေနဲ့အမေသာ အခုလို ကျွန်မနဲ့ကလေးနှစ်ယောက်ကို အိမ်ပေါ်ခေါ်မထားရင် အခုချိန်ဆို ကျွန်မတို့သားအမိတွေ လမ်းဘေးမှာ ခွက်ဆွဲ တောင်းစားနေရလောက်ပြီဆိုတာ ရှင်သိထား"

"အလုပ်လုပ်မယ်။မန္တလေးဖြစ်ဖြစ်၊ရန်ကုန်ဖြစ်ဖြစ်ဆင်းပြီး အလုပ်လုပ်မယ်လို့ ငါ မင်းတို့ကို အစကတည်းက ပြောတယ်လေ။အဲဒါကို မင်းအဖေကိုယ်တိုင်က အတွေးခေါင်ပြီး ဖြစ်မှာမဟုတ်ပါဘူး၊အလကားအရှုံးပေါ်မယ်ဆိုပြီး တားထားတာ မဟုတ်ဘူးလား။ဒီမှာ ငါဆိုတဲ့ကောင်ကလည်း ယောကျ်ားမာန အပြည့်ရှိတဲ့ကောင်။ယောက္ခမအိမ်ပေါ်တက်ပြီး ယောက္ခမအာဏာအောက် နေနေရတာနဲ့တင် ငါ့သိက္ခာက မြှောင်းထဲရောက်နေပြီ။"

"ဘာမှမဆိုင်တာတွေ ဆွဲလာမထည့်နဲ့။အဖေက ရှင့်လိုလက်ကြောမတင်းတဲ့လူမျိုးနဲ့ ကျွန်မညားကတည်းက ဒီလိုတွေ ဖြစ်မှာမှန်းသိလို့ ကျွန်မတို့ကို အိမ်ပေါ်ခေါ်တင်ပြီး ကျွေးထားမွေးထားတာ။တကတဲ အံ့အံ့မှသြသြတော်။ကလေးတွေတစ်သက် ယောက္ခမဆီက ပေးစားကမ်းစာနဲ့ မြိုဆို့လာခဲ့ပြီးမှ ငါ့သိက္ခာကျရသလေး ဘာလေးနဲ့ အသံကောင်းဟစ်နေသေးတယ်။ဥသြလို၊သစ်ခွလို လူစားမျိုး။"

ခြံထဲက ခုံတန်းပေါ် ကုပ်နိုင်သမျှ ကွေးကြုံ့ထိုင်နေရင်း ကျက်လက်စစာလည်း ဘယ်ရောက်လို့ ရောက်မှန်းမသိ။တိုက်ထဲကနေ အော်ကျယ်အော်ကျယ် ထွက်လာတဲ့ ဆူပူ အော်ဟစ် ဆဲဆိုသံတွေက ဒီလို တိတ်ဆိတ်ငြိမ်သက်တဲ့ညမျိုးမှာဆို အိမ်ခြေ အတော်များများက ကြားနိုင်လောက်တဲ့အထိ ကျယ်တာပါ။တဖြည်းဖြည်း ကျယ်သထက်ကျယ်လာတဲ့ ဖေကြီးရဲ့ အသံလုံးက အလျှော့ပေးဖို့ အရိပ်အယောင်မရှိသလို မေမေ့ရဲ့အသံစူးစူးကလည်း တစ်ဖက်ကပေါက်ကွဲထွက်တဲ့ဒေါသနဲ့အပြိုင် အရှိန်အဟုန်ကောင်းကောင်း ခရီးနှင်နေပါတယ်။ထယ်ယောင်းအတွက်က ဒါမျိုးရန်ဖြစ်သံတွေဆိုတာ တစ်ပတ်မှာသုံးရက်လောက်ကြားနေကျမို့ သိပ်ကြီးစိတ်အနှောင့်အယှက်ဖြစ်လှတာမရှိပေမဲ့ စိတ်ထဲတော့အတော်လေး လေးလံမှောင်ပိန်းနေတာပါပဲ။ဘယ်သားသမီးကများ မိဘတွေ မပြေမလည်ဖြစ်တာကို မြင်ချင်၊ကြားချင်ကြပါ့မလဲ။

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now