မြတ်နိုးရပါတယ် ကိုကို့ကလေးရယ်

457 48 63
                                    

အစ်ကိုဆော့ဂျင်ရဲ့ စည်းရုံးမှုရယ်၊ထယ်ယောင်းတို့လာခဲ့တဲ့လမ်းမှာ တိုက်ပွဲရှိတယ်ဆိုတဲ့ သတင်းကြောင့်ရယ် ဒီကနေ့ညတော့ အိမ်မပြန်ဖြစ်တော့ဘူး။

"ဟုတ်ကဲ့ တီလေးနဲ့အမေ။မစိုးရိမ်ပါနဲ့။ထယ်ယောင်းလေးဘေးမှာ ကျွန်တော်ရှိနေမှာပါ။ဘိုးဘိုးကြီးကိုလည်း ပြောပေးပါအုံး။ဖုန်းမကိုင်လို့။ဟုတ်ကဲ့"

တီလေးနဲ့မေမေ့ဆီ ဖုန်းဆက်ပြီးတာနဲ့ ကိုကိုက ထယ်ယောင်းပခုံးကို တစ်ချက်ပုတ်တယ်။

"ကိုကို့စကားနားထောင်တဲ့။ဟိုဟိုဒီဒီတွေ လျှောက်မသွားနဲ့တဲ့"

မေမေတို့က ခွင့်ပြုတယ်ဆိုမှ ထယ်ယောင်း သက်ပြင်းချနိုင်တယ်။ဘာပဲဖြစ်ဖြစ် ထယ်ယောင်းတို့က ယောကျ်ားလေးတွေပဲလေ။ဟိုအရင်အချိန်များကတည်းက တစ်အိပ်ရာတည်း အိပ်ခဲ့ကြဖူးတာမို့ မေမေတို့က ထယ်ယောင်းနဲ့ကိုကို့ကို ထူးထွေပြီး စိတ်မချဖြစ်တာ မရှိပါဘူး။

"ကောင်းလိုက်တာ ညလေအေးက တဖြူးဖြူး၊ခေါပုတ်ကင်နံ့လေးက တသင်းသင်း"

ဖိုခနောက်ဆိုင်မီးဖိုပေါ် သံဇကာ အသေးလေးလှပ်တင်ပြီး ကင်ထားပြုထားတဲ့ ကျက်ပြီးသား ခေါပုတ်မီးကင်တွေကို ညှပ်နဲ့တစ်ခုချင်းစီ ဆွဲယူနေရင်း အစ်ကိုဆော့ဂျင်အသံက မြူးကြွသွက်လက်နေပါတယ်။ဆောင်းလေရဲ့ စိမ့်ခနဲ အေးခနဲ တဖြတ်အဝေ့မှာ ကိုကိုက ပခုံးစွန်းတစ်ချက်ကြုံ့ပြီး ထယ်ယောင်းလက်ကိုဆွဲယူလို့ သူ့ရဲ့အင်္ကျီအိပ်ကပ်ထဲထည့်တယ်။

"ဟေ့ ဟိုဘက်က အဖွဲ့တွေ ငါးကင်က ရတော့မှာလားဝေ့"

"ရတော့မယ် ရတော့မယ် အမြီးပိုင်းကျက်ရင်ရပြီ"

ငါးကင်အနံ့ရယ် ဖက်ဖယ်နဲ့ပင်စိမ်းရောပေါင်းပြီး ထွက်လာတဲ့ ခပ်မွှေးမွှေးအနံ့ရယ်က လေထုထဲမှာ ကြိုင်လို့လှိုင်လို့ တသင်းသင်း။

"ခေါင်ရည်ရော ယူခဲ့ကွာ ချ"

"အစ်ကိုတစ်ယောက်တည်း သောက်နော်။ကျွန်တော့်ကလေးတွေတော့ မတိုက်နဲ့"

"အမလေး ဒီလောက်အေးနေတဲ့ဟာကို ခေါင်ရည်နဲ့မှ သွေးလေးဘာလေးပူမှာပေါ့။ကဲကိုကဲတယ်"

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now